တိမ်တွေနေတဲ့ အရပ်ဆီ....
တိမ်တိုက်ရောင်ခေတ်၏မြွေကိုက်ဒါဏ်ရာအားကြည့်၍ ရင်ထိတ်နေရသည်။ဘယ်ချိန်များခေတ် ငါ့ရှေ့တွင်တစ်ခုခုဖြစ်သွားမလဲဆိုပြီးပေါ့။
"အင်း...."
ခေတ်ဆီမှငြီးသံသဲ့သဲ့လေးထွက်လာလေတော့သည်။
"မောင် အရမ်းနာနေလို့လားဟင် ငါဘာလုပ်ပေးရမလဲ"
"ရပါတယ်ဗျာ မောင်ဘာမှမဖြစ်တော့ဘူး ရောင်အမောပြေပြီလား မောင်တို့သွားရအောင်လေ"
"မောင်ကလမ်းလျှောက်နိုင်လို့လား"
"မောင်အဆင်ပြေပါတယ်ဆို"
"ငါကမင်းကိုစိုးရိမ်လို့ပါ"
"ကဲပါ သွားရအောင်နော် မောင်အိမ်အရမ်းပြန်ချင်နေပြီ"
"ဒါမယ့် ငါတို့ဘယ်တော့မှရောက်မှာလဲဟင် ခုတောင်ဘယ်သွားရမှန်းမသိဖြစ်နေတာကို"
"အရမ်းမတွေးပါနဲ့ရောင်ရယ် မောင်တို့အဆင်ပြေမှာပါဟုတ်ပြီလား လာသွားရအောင်"
"အင်း"
တိမ်တိုက်ရောင် ခေတ်ကိုယ်လေးအားထိန်းပေးကာ ဆက်သွားကြတော့သည်။ခြေထောက်ကတော့ ထော့နဲ့ထော့နဲ့ဖြင့်။
ဦးမိုးစက်တို့အဖွဲ့နေရာတိုင်းကိုလိုက်ရှာပေမယ့်ခေတ်တို့အားမတွေ့ပေ။
"ဆရာ သူတို့ဒီတောထဲကများထွက်သွားကြပြီလား"
"အက်လောက်တော့မမြန်လောက်ဘူး "
ဦးမိုးစက် ခေတ်မင်းသစ်တို့ပြေးနိုင်မယ့်နေရာအားစဉ်းစားလေသည်။
"ဟာ ဟုတ်ပြီ"
"ဆရာ ဘာဖြစ်လို့လဲ"
"စမ်းချောင်းဆီသွားရအောင် သူတို့ပြေးရင်းရေတော့ဆာမှာပဲ"
ဦးမိုးစက်တို့ကတော့ စမ်းချောင်းရှိတဲ့ေနရာကိုသိတာကြောင့်အတားအဆီးမရှိသွားကြတော့သည်။
တောနက်ထဲတွင်လူနှစ်ယောက်၏မောဟိုက်သံများကို နားစွင့်ပြီးနားထောင်ရင်တောင်ကြားရလောက်ပါသည်။တစ်ယောက်ကိုတစ်ယောက်အားပြုရင်းစမ်းချောင်းရှိရာသို့ စမ်းတဝါးဝါးဖြင့် လျှောက်နေကြတော့သည်။
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Romanceတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...