အပိုင်း(၁၇)

822 40 0
                                    

တိမ်တွေနေတဲ့အရပ်ဆီ......

တိမ်တိုက်မိုးရေထဲတွင်မည်မျှပင်ကြာသွားသည်မသိ မိုးတောင်ဆဲလုနီးပါးဖြစ်နေသည်။တချိန်လုံးငိုထားတာမို့ မျက်လုံးတွေလည်း စပ်နေလေသည်။

"ကျွီ"

ထိုအချိန်အနောက်မှတံခါးဖွင့်သံကြားလိုက်တာကြောင့် တိမ်တိုက်ချက်ချက်းပင်ထရပ်လိုက်သည်။ခေတ်ကိုတွေ့လိုက်တော့ အငိုသန်တဲ့ကျွန်တော်က ပိုလို့ပင်ငိုမိတော့သည်။တိမ်တိုက် ခေတ်အားတင်းကြပ်စွာဖက်ထားလိုက်မိသည်။

"ခေတ်မင်းဘာတွေဖြစ်နေတာလဲဟင် ငါမင်းကိုစိတ်ပူနေတာမင်းသိလား ဟင့်ဟင့်"

"အက်တိုင်းပဲငိုနေတော့မှာလား လာအထဲ၀င်ရအောင်အပြင်မှာအေးတယ်"

"ဒါမယ့် ငါ့ရင်ဘတ်ထဲကပူလောင်နေတယ်လေ"

"ချီးပဲကလေးကျနေတာပဲကွာ လာငိုပြနေတယ် လာအထဲဝင်တော့"

တိမ်တိုက်အား တတိယအကြိမ်ပွေ့ဖက်လိုက်သည်။အားမရှိသောတိမ်တိုက်ရဲ့ကိုယ်လေးက အရုပ်တစ်ရုပ်အလားပင် ပေါ့ပါးနေလေသည်။ကုတင်ပေါ်တွင်တိမ်တိုက်အား အသာလေးချလိုက်သည်။

"ဟင့်..ဟင့်"

"ဟာကွာတိမ်တိုက်ဘာလို့ငိုနေတာလဲလို့"

"မသိဘူးသူ့ဘာသာထွက်နေတာမျက်ရည်တွေက"

"ကဲပါတိတ်တော့ မင်းအဝတ်အစားအရင်လဲလိုက်"

"ဟင်.. ခေတ်.မင်းလက်ကဘာဖြစ်တာလဲ"

ခေတ်လက်ကိုအနောက်သို့ပစ်လိုက်သည်။

"ဒီတိုင်းခိုက်မိတာပါ ဘာမှမဖြစ်ဘူး"

"ဘာလို့ဘာမှမဖြစ်ရမှာလည်း ဘာမှမဖြစ်ရင်ပတ်တီးကဘာလို့စည်းထားတာလဲ"

"ဟာ မဖြစ်ပါဘူးဆိုကွာ ငါမင်းစားဖို့ခေါက်ဆွဲသွားပြုတ်လိုက်အုန်းမယ်"

"ခေတ်...ဟာ"

တိမ်တိုက်အဝတ်စားလဲပြီးအောက်သို့ဆင်းလာခဲ့သည်။မီးဖိုခန်းထဲတွင်အလုပ်ရှုပ်နေသောခေတ်။ပျော်လိုက်တာ ခေတ်ဆီကနေဒီလိုဂရုစိုက်မှုလေးတွေရလို့။ငါ့ကိုအမြဲဒီလိုလေးဂရုစိုက်နေရင်ကောင်းမှာပဲ။ဒါပေမယ့် ဒါတွေကငါ့အတွေးသက်သက်ပါပဲ....

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now