အပိုင်း(၂၅)

497 26 2
                                    

တိမ်‌တွေနေတဲ့ အရပ်ဆီ.....

မိုးတိမ်ပြာအရှေ့ကကားကိုမျက်ချေမပျက် စောင့်ကြည့်ထားလေသည်။ခေတ်ဆီသို့ဖုန်းခေါ်ပေမယ့် ခေတ်ကဖုန်းမကိုင်ပါ။

ခေတ်မင်းသစ်တို့လူနာအသက်ဘေးမှလွတ်သွား၍ဝမ်းသာနေကြသည်။

"ကျေးဇူးပါပဲရှင် ကျွန်မသားလေးရဲ့အသက်ကိုကယ်တင်ပေးလို့ ဒေါက်တာတို့ကိုဘယ်လိုကျေးဇူးတင်ရမလဲကိုမသိတော့ဘူး"

"ရပါတယ်ဗျ လူနာတွေကိုစောင့်ရှောက်ပေးဖို့ကကျွန်တော်တို့အလုပ်ပါ"

"ဟုတ် ဒါဆိုကျွန်မသားလေးကိုသွားကြည့်လိုက်ပါအုန်းမယ်နော်"

"ဟုတ်ကဲ့ပါဗျ"

ခေတ်မင်းသစ်အခုလိုလူနာ၏အသက်ကိုကယ်နိုင်တာကြောင့် စိတ်ထဲကြည်နူးမိပါသည်။လူနာရှင်မှာလည်းထပ်တူပင် ပျော်နေလေရဲ့။

"Congratulation ပါခေတ်မင်းသစ်"

"အာမဟုတ်တာဒေါက်တာရဲ့ ဒေါက်တာကပိုပြီးတော်ပါတယ်ကျွန်တော်တို့ထက်"

"ကဲတစ်ယောက်နဲ့တစ်ယောက်‌ေမြာင့်ပင့်နေရင်ပြီးမှာမဟုတ်တော့ဘူး"

"ဟဟ"

"အက်ဆိုဒေါက်တာ့ကိုခွင့်ပြုပါအူန်း

"ဟုတ်ကဲ့ဒေါက်တာ"

ဒေါက်တာကခေတ်မင်းသစ်ရဲ့ပုခုံးအားပုတ်ပြီးအရှေ့သို့ထွက်သွားလေတော့သည်။ခေတ်မင်းသစ်လည်း နားရန်အခန်းဆီသို့ပြန်လာခဲ့သည်။အခန်းထဲရောက်တော့ဖုန်းလေးအားဖွင့်ကြည့်လိုက်လေသည်။

"ဟင် ရောင်ဖုန်းခေါ်ထားတာပဲအများကြီးပဲ ဘာများဖြစ်လို့လဲ"

ခေတ်မင်းသစ် ချက်ချင်းဖုန်းကိုပြန်ခေါ်လိုက်လေသည်။

"တီ....တီ"

"Hello"

တစ်ဖက်မှဖုန်းဖြေသံကတိမ်တိုက်ရောင်မဟုတ်ပဲ အခြားသူဖြစ်နေ၍ ခေတ်စိုးရိမ်သွားခဲ့သည်။

"မင်းဘယ်သူလည်း ဘာလို့ရောင်ရဲ့ဖုန်းကမင်းဆီရောက်နေရတာလဲ"

"ခေတ်မင်းသစ် ငါပါ မိုးတိမ်ပြာ"

"ဟမ် ကိုမိုးတိမ်ပြာကဘယ်လိုလုပ်ပြီး"

တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)Where stories live. Discover now