Chapter - 3

920 132 55
                                    

~အသားလေးတွေက ဖြူဖွေးနုဖတ်နေရော~

~ငါတွေ့ဖူးသမျှ Omega တွေထဲမှာ ဒီကောင်လေးလောက်လှတဲ့ Omega မတွေ့ဖူးဘူး Bam Yoo Oppa ကလွဲလို့ပေါ့~

~Bam Yoo Oppa နဲ့ ဒီကောင်လေးက တစ်မျိုးစီလှကြတာနော်~

~mhmmm... ဒီကောင်လေးက ချစ်ဖို့ကောင်းတာ Bam Yoo Oppa က ချစ်ဖို့ကောင်းတာရော ချောတာရောပေါင်းထားတာ Bam Yoo Oppa ကသာတာပေါ့~

~အင်းနော်~

"အွင်းးးး"

Yoongi အိပ်နေရင်း နားတစ်ဝိုက်ကြားယောင်နေရတဲ့ မသဲမကွဲအသံတွေကြောင့် နိုးလာရတယ်

ပြတင်းပေါက်ဘေးက Window Seat မှာအိပ်နေမိတာကြောင့် နေပူမိပြီး မအိပ်နိုင်တော့တာကြောင့်လဲ ပါသည်လေ

သူက အလုပ်သာကြိုးစားတာ... မပျင်းပေမဲ့ အိပ်ရတာကိုတော့အလွန်နှစ်သက်သည်

အခုလဲ သူမြတ်နိုးရတဲ့ အိပ်စက်ခြင်းကို ခွဲခွာရတော့မှာကြောင့် မဖွင့်နိုင်သေးတဲ့မျက်လုံးလေးတွေကို လက်ချောင်းများဖြင့်ဖိပွတ်ကာ Yoongi မျက်နှာမဲ့လျက် ညီးနေတော့လေသည်

"သခင်လေး နိုးလာပါပြီလား"

"ဟင်"

Yoongi ဘေးနားက ပီသစွာ ကြားလိုက်ရတဲ့ မိန်းမငယ်တစ်ဦးရဲ့ အသံကြောင့် မျက်လုံးတို့ကိုသေချာဖွင့်ကြည့်မိတော့တယ်

"သခင်လေး နိုးပြီဆို ကိုယ်လက်သန့်ရှင်းရေးလုပ်ရပါမယ်"

"ဟင်...ဟုတ်"

Yoongi လည်း ထိုမိန်းကလေး သုံးဦးခေါ်ဆောင်ရာနောက်ကို ဘာမှမပြောဘဲသာ လိုက်သွားလိုက်သည်

*ငါစောနက Bam Yoo Oppa ဆိုတဲ့နာမည်ကိုကြားလိုက်သလိုပဲ ဘယ်သူပါလိမ့်*

"သခင်လေး"

"ဗျာ"

Yoongi မေးလေးကို ပွတ်လျက်စဉ်းစားနေတုန်းမှာ မိန်းမငယ်လေးက ခေါ်လာတာမို့ သတိဝင်လျက် သူတို့ဆီကြည့်လိုက်တယ်

"ဒါရေချိုးခန်းပါ သခင်လေး ရေချိုးပြီးတဲ့ အထိ ကျွန်မဆို့ ဒီမှာရပ်စောင့်နေပါ့မယ် ဝင်လို့ရပါပြီသခင်လေး ရေအပူအအေးလည်း ညှိပြီးပါပြီ"

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now