Chapter - 4

917 129 89
                                    

Yoongi ရင်လေးကို ဖိလျက် မျက်လုံးကိုမှိတ် အသက်ကို ဝဝ ရှုလိုက်ရင်း နန်းတော်ကြီး တစ်မျှ ခန်းနားလှတဲ့ အိမ်ကြီးကို မော့ကြည့်လိုက်တယ်

သူ လူကြီးရဲ့ မိဘတွေကို မတွေ့ရဲလောက်တဲ့အထိ ရင်တုန်နေမိတယ်

သူသာ ဒီနေရာမှာ လမ်းပျောက်သွားရင်လားဆိုတဲ့အတွေးကြောင့် Yoongi ခပ်လန့်လန့်

"ကလေး သွားကြရအောင်"

"ဟ...ဟုတ် သခင်ကြီး"

"ကိုယ်ဘာပြောထားလဲ 'ဦး'လို့ခေါ်ဖို့ပြောထားတာကို မမေ့လိုက်နဲ့လေ"

"ဟီး.... ဟုတ်... ဦး"

လူကြီးခေါ်မှ စိတ်လျော့တာကို ရပ်ပြီး အပြေးလေး လူကြီးနောက်လိုက်သွားလိုက်တယ်

သူအခုရောက်နေတဲ့ နေရာက လူကြီးရဲ့ မိဘတွေ နေထိုင်ရာ အိမ်ကြီးဆီပင်ဖြစ်သည်

နန်းတော်ကြီးတမျှ ခန်းနားလှတဲ့ အိမ်ကြီးရဲ့အပြင်အဆင်ကြောင့် လူကြီးရဲ့မိဘတွေကလည်း တကယ့်လူချမ်းသာတွေမှန်းသိလိုက်ရတယ်

Yoongi က လူချမ်းသာတွေနဲ့ တိုက်ရိုက် ပြောဆိုဆက်ဆံတာမျိုး မလုပ်ခဲ့ရဖူးတော့ တည်ငြိမ်နေဖို့တောင်ခက်ခဲလှသည်

"သခင်လေး Jeon ရောက်လာပါပြီလား"

"ဟုတ်ကဲ့ ဦးလေး Nalram"

"သခင်ကြီးတို့ သခင်လေးကို လသာဆောင် စားပွဲမှာစောင့်နေပါတယ်"

Maid တွေအကုန်လုံးက လူကြီးကို တန်းစီပြီးလာကြိုတယ် Yoongi ကတော့ ဘယ်ကြည့်ညာကြည့်သာ စူးစမ်းနေမိတယ်

"ကဲ... ဒယ်ဒီနဲ့ ပါးပါးဆီသွားရအောင်"

လူကြီးပြောတော့ Yoongi ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်

..................

နေ့ခင်းဆိုပေမဲ့ လူကြီး မိဘတွေနေတဲ့ ဒေသက မပူဘဲ အေးအေးလေးဖြစ်နေတာမို့ လသာဆောင်ရောက်တော့ အတော်နေလို့ကောင်းသည်

အဝေးက စားစရာတွေတည်ခင်းထားတဲ့ စားပွဲခုံအရှည်ကြီးမှာ ထိုင်နေတဲ့ လူကြီးရဲ့မိဘတွေကို Yoongi တွေ့နေရတယ်

အနီးနားရောက်တော့ လူကြီးက ကျွန်တော့်လက်ဖဝါးလေးကို သိမ်းကျုံးက ဆုပ်ကိုင်လိုက်တာမို့ ကျွန်တော်လုံခြုံသွားသလိုခံစားလိုက်ရတယ်

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now