Chapter - 8

955 127 123
                                    

Yoongi တို့ကျောင်းအတန်းချိန်အကုန်ပြီးတော့ Yoongi နဲ့ Zimid အတူ ကျောင်းကနေပြန်ခဲ့ကြလေသည်

ကျောင်းရှေ့ရောက်တော့ ဇိမ်ခံကားကြီးနဲ့အတူ Yoongi ကို လာကြိုတဲ့ Bodyguard အချို့ကြောင့် Zimid က Yoongi အား အထင်ကြီးသွားပြီး ပါးစပ်က O အလား တစ်ဝါးဝါးဖြင့်သာ

"ငါ့ကောင် မင်းက Boss ပဲ"

"ဘယ်ကသာ ငါ့လူကြီးက ဌေးတာ ငါက မဌေးဘူး"

"လျှိုတယ်တယ်ပေါ့ ဟွမ်း မင်းမှာ ပိုင်ရှင်ရှိမှန်းငါအခုမှသိတယ်"

"အဲ့လိုလဲ မဟုတ်ပါဘူး"

"ဒါပေမဲ့ မင်းဆီမှာ ပိုင်ရှင်ရှိတဲ့အနံ့သက်မရဘူး မင်းကို သူက မကိုက်ထားသေးဘူးလား"

"ကြီးတော်ကို ကိုက်ရမှာလား ဦးက ငါ့ကိုနာအောင်မလုပ်ချင်လို့တဲ့လေ အဲ့တာကြောင့်"

Yoongi လိမ်လိုက်မှန်း သူ့ကိုယ်သူသိပါတယ် ဒါပေမဲ့ ဒီအချိန်မှာတော့ ဦး ကို သူ့အပိုင်ဆိုပြီး ကြွားချင်မိသည်လေ

"သခင်လေး သခင်ကြီး စောင့်နေပါတယ် အခုပဲ ကားထဲ သွားရပါမယ်"

"ဇီမစ် ငါသွားပြီနော်"

ဇီမစ်နဲ့ စကားပြောနေတုန်း Bodyguard က စကားဖြတ်ပြောလိုက်တာမို့ Yoongi စကားကိုလတ်စသတ်လိုက်တယ်

"Omm.. မနက်ဖြန်တွေ့မယ်နော် Yoongi မင်း ဦးနဲ့လည်း အဆင်ပြေပါစေ ဟဲဟဲ"

Yoongi က Bodyguard နောက်ကနေလိုက်သွားရင်း နောက်လှည့်ကာ ပွစိပွစိလေး ကြိမ်ဆဲလိုက်တော့ ဇီမစ်က ရယ်ရင်း ကျန်နေခဲ့လေသည်

>>>

"ကလေး ဒီနေ့အဆင်ပြေခဲ့ရဲ့လား"

"ဟုတ် ပြေပါတယ် ဦး"

"အကုန်လုံးက ဖော်ဖော်ရွေရွေ ရှိကြပါတယ် ဟိ... သူငယ်ချင်းအသစ်လေးတောင် ရခဲ့တယ်"

"ဘယ်သူလဲ"

ရုတ်တရက် ချိုသာရာကနေ အေးစက်သွားတဲ့ လူကြီးစကားကြောင့် လွယ်အိတ်လေးကို ပေါင်ပေါ်တင်ပိုက်ထားတဲ့ Yoongi ကြက်သီးတောင်ထသွားရသည်

"ဟို...ဟို...Zimid"

"ကလေးနဲ့ အတူ ကျောင်းဆင်းလာတဲ့ ကောင်လေးလား"

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now