Chapter - 10

848 118 49
                                    

Jungkook လေယာဥ်ပေါ်မှာ ခနမှိန်းနေရင်း အိပ်ပျော်သွားတာ သူ့ကိုယ်သူတောင်မသိလိုက်

အင်းးး အခုတလော အလုပ်တွေ တောင်လိုရာလိုပုံနေတာမို့ သူအတော်ပင်ပန်းနေပြီဖြစ်သည် မနေ့ညကလည်း အိပ်မပျော်တာမို့ အခုသူတော်တော်အိပ်မောကျသွားတာဖြစ်သည်

Jungkook ရဲ့နောက်ပိုင်းက လှမ်းလှမ်းမှာ ခုံမှာထိုင်နေတဲ့ Yoongi က လေယာဥ်ကို အထူးတဆန်းကြည့်နေမိသည်

တကယ်ကို အထက်တန်းစားမှ အထက်တန်းစား ကိုယ်ပိုင်လေယာဥ်ပင်

တကယ်ကို အထက်တန်းစားမှ အထက်တန်းစား ကိုယ်ပိုင်လေယာဥ်ပင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တွေးရင်း Yoongi လည်း ငွေတွေအများကြီးရှာချင်လာမိသည်

အားနည်းတဲ့ Omega တစ်ယောက်မဖြစ်ချင်တာ သူငယ်ရွယ်စဥ်ကတည်းကပါ

Yoongi တို့အခုထွက်လာခဲ့တာ ည ၉ နာရီလောက်ဖြစ်သည်

ဦးပြောတာတော့ ၁၀ နာရီလောက် Maldives ကိုအချိန်ယူစီးရမှာတဲ့

Yoongi လည်း ညဇီးကွက်လေးမို့ မအိပ်ချင်သေးတာနဲ့ ရှေ့ခုံက TV screen လေးနဲ့ ကိုယ်ကြည့်ချင်တဲ့ ကားရှာကြည့်နေလိုက်တယ်

ခနနေတော့ ဦးက တိတ်ဆိတ်နေတာမို့ ဦးရှိရာ အရှေ့ဖက် ထိုင်ခုံဖက်ကိုကြည့်မိသည်

ဆိုဖာတန်းကြီးမှာ အရပ်ကြီးကလန့်ကလားနဲ့ ငုတ်တုပ်အိပ်နေတဲ့ ဦးကို မြင်လိုက်တော့ ရယ်ချင်မိလေသည်

Yoongi လည်း ထိုင်ခုံပေါ်ကထလိုက်ပြီး ဦး ဆီသွားကာ ဦးကို ဆိုဖာပေါ်က စောင်လေးလွှမ်းပေးပြီး ဦးဘေးနားမှာ ဝင်ထိုင်ရင်း အိပ်နေတဲ့ ဦးကို ဘေးစောင်းငေးကြည့်နေမိသည်

အိပ်နေရင် ကလေးလေးတစ်ယောက်လို အသွင်ရှိတဲ့ ဦးရဲ့ အခုလို ပုံစံလေးကို Yoongi သဘောကျမိသည်

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now