Chapter - 13

880 122 50
                                    

Yoongi ကို Jungkook , Switzerland ပြန်ရောက်သည်အထိ စကားလုံးဝမပြောပါ

Yoongi လည်း ဘာပြောရမှန်းမသိ... ဦး ကိုသူမနေ့က ပြန်ခံပြောလိုက်တာကြောင့် သူ့အမှားလည်းပါတာမို့ ငြိမ်ငြိမ်နေလိုက်ရုံသာ လေယာဥ်ပေါ်လိုက်လာခဲ့တယ်

ဦးမျက်နှာက ခပ်တင်းတင်းနဲ့ အရင်ကနဲ့ လုံးဝကို တစ်ခြားစီမို့ Yoongi ပိုလို့ပင် ရှိန်ရလေသညိ

"ဦး..."

Yoongi တို့ Switzerland က အိမ်ဆီပြန်ရောက်တော့ အိမ်ထဲမဝင်ခင် ဦး ကို သူတီးတိုးစွာခေါ်လိုက်သည်

လှေကားပေါ်တက်နေဆဲ ဖြစ်တဲ့ ဦးရဲ့ခြေလှမ်းတွေက တုန့်ခနဲ ရပ်သွားပြီး Yoongi ကိုပြန်လှည့်ကြည့်လာတယ်

"မနေ့ကအတွက် ကျွန်တော်တောင်းပန်ပါတယ်"

"မလိုဘူး"

တစ်ခွန်းထဲသာ ပြောပြီး အိမ်ထဲ ဝင်သွားတဲ့ ဦး ရဲ့နောက်ကျောကို ကြည့်ရုံမှ လွဲလို့ Yoongi တိတ်ဆိတ်နေမိသည်

ဒီလိုနဲ့ ဝေးကြရတာတော့မှာလား....

>>>>

"မင်းကိုကြည့်ရတာစိတ်ညစ်နေပုံပဲ ဘာတွေကများမင်းလို ကျောက်တုံးကို စိတ်ညစ်အောင်လုပ်နိုင်တာလဲ Jungkook"

Alan ရဲ့စကားကြောင့် Jungkook က မျက်နှာကို လက်နှစ်ဖက်နဲ့ ဖိပွတ်လိုက်ပြီး

"ငါ....."

"ငါ ဟန်ဆောင်လက်ထပ်ထားတဲ့ ကလေးလေ အဲ့ကောင်လေးက ငါ့ကိုကြိုက်နေလို့..... သူသာ ငါ့ကိုဆက်ကြိုက်နေရင် Bam Yoo ပြန်လာလို့ ငါသူ့ကို အဆက်သွယ်ဖြတ်လိုက်ရင် သူဝမ်းနည်းမှာ... ငါသူ့ကို ညီလေးလိုပဲသဘောထားတာ ဒီလိုမဖြစ်စေချင်ဘူး Alan"

"အဲ့တာဆို သူသဘောမကျလောက်မဲ့ဟာတွေလုပ်ပေါ့"

"မင်းပြောချင်တာ ငါ့ကိုမုန်းအောင်ပေါ့ အဲ့လိုမျိုးလား"

"အင်း သေချာတွေးရင် အဲ့လိုပဲပေါ့"

"ကျေးဇူး Alan"

Alan က Jungkook ရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအပြင် စီးပွားရေး Personal ကိစ္စတွေပါ အတူဆွေးနွေးလေ့ရှိတဲ့ လူတစ်ယောက်ဖြစ်လေသည်

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now