Chapter - 14

830 121 59
                                    

လေအေးအေးလေးက နားကြားထဲ တိုးဝှေ့ပြောသွားတယ်

"သူကမင်းကို မချစ်ဘူးတဲ့"

>>>>

မိုးရာသီကြောင့် စိုစွတ်နေတဲ့ မြက်ခင်းပြင်တွေက ညနေခင်း ဆည်းဆာချိန် ပုဇွန်ဆီရောင် ကောင်းကင်အောက်မှာ တလဲ့လဲ့စိမ်းရွှင်နေသည်

အေးမြမှုကို ဆောင်ကျဥ်းပေးနိုင်သည့် ခပ်တိုးတိုးလေညှင်းက နှလုံးသားထိတောင် တိုက်ခတ်သွားသလိုမျိုး သူ့နှလုံးသားကလည်း အေးစက်လာသည်

သူ့အတွက် နွေးထွေးမှုပေးနိုင်သည့်နေရာဆိုလို့ ချစ်ရသူရဲ့ ရင်ခွင်ပဲ ဖြစ်ပါလိမ့်မည်

သို့သော် ကိုယ်မတတ်နိုင်လောက်သည်အထိ ချစ်ရသူရင်ခွင်က စျေးကြီးလွန်းလေသည်

အပူပင်သောကများနှင့် Yoongi က အိမ်ကြီးရဲ့ ဝရံတာအမြင့်ကနေ ဟိုးအဝေးကို မျက်ဝန်းမှိုင်းမှိုင်းလေးတို့နဲ့ ငေးကြည့်နေလေသည်

ချစ်ရသူပေးတဲ့ ဇိမ်ခံဘဝကို ရထားသော်လည်း ကိုယ်က သူ့အတွက် ကျွန်ထက်မပို

စိတ်ညစ်စရာရှိလာမှ အဝေးက မွေးရပ်မြေကို သတိရမိတာ ခက်သား

နာကျင်မှုတွေများလာရင်တော့ ချစ်ရသူရဲ့ ​ လွှမ်း မိုးမှုအောက်ကနေ ထွက်ပြေးမိမယ်ထင်သည်

ကျွန်တော့်အသဲက နုနုလေးမို့ ကျွန်တော် ဒီလောက်တောင့်ခံနိုင်တာပဲ တော်နေပါပြီလေ

~ဦး စိတ်ဆိုးပြေနိုင်ဖို့ ကျွန်တော် ဦးကို မချစ်ယောင်ဆောင်လိုက်တော့မယ် ကျောခိုင်းလိုက်ပါတော့မယ် ဦး... အရင်ကလို နှစ်ယောက်သား ပျော်ရွှင်တဲ့ ဘဝလေးကို ရဖို့ ကျွန်တော့် ခံစားချက်တွေကို ဥပက္ခာပြုလိုက်ပါတော့မယ်.....~

Yoongi အတွေးများစွာနဲ့ အနီရောင်သန်းနေသည့် နေလုံးကြီးကို ငေးကြည့်နေမိသည်

နို့နှစ်ရောင် Pajama လေးနဲ့ Yoongi က အနောက်က ကြည့်ရုံနဲ့တင် ထွေးပွေ့ချင်စရာကောင်းလောက်အောင် အသဲယားစရာပင်

ဆံပင် အနက်လေးတွေကြား ရွှေရောင် ဆံနွယ်လေးတွေဖုံးနေသည့်အတွက်ကြောင့် ခေါင်းလုံးလုံးလေးက နမ်းရှိုက်ချင်စရာ

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now