Chapter - 24

1.3K 162 56
                                    

"အာပါးကလည်း အဲ့လောက်ထိ ကြီးကြီးကျယ်ကျယ်လုပ်စရာမလိုပါဘူး"

"သြော်... အာပါးလဲ မြေးချီရတော့မယ်ဆိုတာကို တစ်နိုင်ငံလုံးကို ကြွားချင်တာပေါ့လို့"

အခု အာပါး Jin က Yoongi ကိုယ်ဝန်ရှိနေပြီမို့ ဂုဏ်ပြုပွဲလုပ်ချင်တယ်ဆိုလို့ Jungkook တားနေခြင်းပေ သူတို့က အသိုင်းဝိုင်းကြီးထဲက ဆိုတော့ သတင်းမီဒီယာသမားတွေပါလာတော့မှာ

အစကတည်းက လူမသိစေချင်လို့ လက်မထပ်ပွဲမလုပ်ပဲ လက်ထပ်စာချုပ်မှာပဲ လက်မှတ်ထိုးခဲ့တာက

အခုဆိုရင် အာပါးကြောင့် တစ်နိုင်ငံလုံးပါသိတော့မည်ဖြစ်သည်

Jungkook လည်း ​ပြောမရတော့ Yoongi ကို စစ်ကူခေါ်ဖို့တစ်တောင်တွတ်လိုက်တယ်

Yoongi က ဘာမှမပြောတဲ့အပြင် အခြားဘက်ကို ငေးချင်ယောင်ဆောင်နေသည်

*ဒီကောင်....ဟင်း....စိတ်လျော့"'*

"အာပါးရယ် အရေးမကြီးတာပဲကို ကိစ္စကိုကြီးအောင်မချဲ့ပါနဲ့ဗျာ"

"Jungkook! တိတ်စမ်း အာပါး မင်းကို မဆူချင်ဘူးနော် ဒီအရွယ်ကြီးရောက်နေပြီ မင်းဘာလို့အခုမှ အာခံချင်နေတာတုန်း

ဒါမင်းပျော်ရမယ့်ကိစ္စလေ မင်းချစ်တဲ့ Yoon လေးအတွက် လုပ်ပေးတာကို မင်း အာပါးကို ကျေးဇူးတောင်တင်သင့်တယ်

မင်းဘာဖြစ်နေတာလဲ ဘာလို့ ဒီလောက်အသဲသန်ဖြစ်နေတာလဲ မင်းအချိုးတွေအရင်ကဒီလိုမဟုတ်ဘူးနော်"

"ပြီးရော အဲ့တာဆိုလည်း အာပါးလုပ်ချင်သလိုသာလုပ်တော့"

"မင်းဒါဘာစကားပြောတာလဲ မရိုမသေနဲ့"

"ပြီးတော့ Yoongi ကို အရမ်းအလိုမလိုက်နဲ့ သူဆိုးရင်ခံရတာ ကျွန်တော်ပဲ ကျွန်တော်သွားတော့မယ်"

Jungkook ကပြောပြီးတာနဲ့ ဆိုဖာပေါ်ကနေကောက်ခနဲထပြီး ဧည့်ခန်းထဲက ထွက်သွားတော့သည်

"နေဦး ငါစကားပြောလို့မပြီးသေးဘူးလေ Jeon Jungkook!"

"Papa ရယ် ဦးကို မဆူပါနဲ့တော့...အခုတလော အလုပ်များနေတော့ ဦးစိတ်ရှုပ်နေလို့ပါ ဦးကိုတစ်မျိုးမထင်ပါနဲ့နော်"

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now