Chapter - 25

1.3K 146 59
                                    

"ကျွန်တော့်အသားကိုမထိနဲ့!"

ချီရာကနေချပေးလိုက်ပါတယ် ငြိမ်နေရာကနေ လက်ကိုဖျတ်ရိုက်ပြီး ဘုဆတ်ဆတ်ပြန်ပြောလာသည့် Yoongi ကို Jungkook သက်ပြင်းချကာကြည့်လိုက်သည်

"ငါမင်းကိုဘာတွေများလုပ်နေလို့ ရန်တွေ့နေရတာလဲ"

"ကျွန်တော်တစ်ယောက်တည်းနေပါရစေဗျာ"

သူ့ကို ကျောခိုင်းကာ စိတ်ပျက်လက်ပျက်ပြောပြီး ထွက်သွားတဲ့ Yoongi ကို Jungkook မတားလိုတော့ သူဆက်အာရုံနောက်နေရင် ဗိုက်ထဲက ကလေးပါထိခိုက်မှာ စိုးရိမ်သည်

အရင်ကလို ဗိုက်မရှိသေးတဲ့အချိန်မှာသာဆို ကုတင်ပေါ်ဆွဲတင်လိုက်ပြီ

အလျော့ပေးမိလာလို့ ဒီကလေးက ရောင့်တက်လာသည် အလျော့မပေးမိရင်လည်းနှစ်ယောက်သားထိုင်သတ်နေလောက်သည်

"စိတ်လျော့ Jungkook မင်းက လူကြီးနော်...ဟင်းးးး"

Yoongi ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ကာ သူလုပ်စရာရှိတာသွားလုပ်ဖို့ပြင်လိုက်သည်

>>>>

ဒီနေ့က ဂုဏ်ပြုညစာစားပွဲမို့ Yoongi သေချာလေးပြင်ဆင်နေရသည် အကုန်ပြင်ဆင်ပြီးသွားတာမို့ အောက်ထပ်ကိုဆင်းတော့ လှေကားအဆင်းမှာ လက်နောက်ပစ်ကာရပ်စောင့်နေတဲ့ Jungkook ကိုတွေ့လိုက်တယ်

ဆံပင်ကိုနောက်လှန်တင်ထားပြီး ဘယ်ဘက်ခြမ်းက ဆံပင်တွေက အနည်းငယ် နဖူးပေါ်ဝဲကျနေတဲ့ ဦးက အပျိုလေးတိုင်း မက်မောချင်စရာကောင်းလောက်အောင် ခန့်ညားနေလေသည်

မသိမသာလေးတော့ Yoongi သဝန်တိုမိပါသေးသည်

"လာ...ဗိုက်ဗိုက်... ကိုယ်တို့နောက်ကျနေပြီ"

"ဘာ ဗိုက်ဗိုက်လဲ ဘယ်က ကိုယ်လဲ"

"Yoongi...ကိုယ်လို့မပြောလို့ ငါနဲ့မင်းနဲ့လို့ထပ်ပြောနေရမှာလား ကိုယ်က အခု မင်းဗိုက်ရဲ့ ပိုင်ရှင်နော်... စကားပြောတာ ဆင်ခြင်ပြောစမ်းကွာ"

Jungkook က မျက်ခုံးများတွန့်ချိုးပြီး ပြောတော့ Yoongi လည်း မျက်စောင်းတစ်ချက်ထိုးပြလိုက်ပြီး အိမ်ထဲက ထွက်လာလိုက်တယ်

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now