Chapter - 21

1.9K 158 120
                                    

"Boss နားလိုက်ဦးပါလား...Boss နေမကောင်းဘူးမလား"

"အပိုတွေပြောတာရပ်ပြီး ငါ့အတွက် ကော်ဖီသွားဖျော်"

"Boss...."

"ငါဘာပြောနေလဲ"

"နားလည်ပါပြီ အခုပဲသွားလိုက်ပါမယ်"

Manager ဖြစ်သူ James ထွက်သွားမှ သူလက်ထဲက ဘောပင်ကို ချပြီး မျက်ခုံးရိုးတွေကို ဖိကိုင်ပြီး နားထင်နှစ်ဖက်ကို လက်ဖနှောင့်နဲ့ ဖိထားမိလိုက်သည်

စိုစွတ်စွတ်မိုးရာသီကြောင့်ရော ခေါင်းကိုက်နေတာကြောင့်ရောပါ စိတ်က ထိုင်းမှိုင်းနေပြီး နေလို့ကို မကောင်းတာပါ

James ဖျော်ပေးလာတဲ့ ကော်ဖီကိုသောက်တော့လဲ အဖျားရှိန်စလာတာမို့ အရသာလည်းမရှိ

Jungkook စိတ်လေလေဖြင့် အဖျားကို အရွဲ့တိုက်ကာ အလုပ်ချိန်တောင် ပိုဆင်းလိုက်သေးသည်

အကျိုးဆက်ကတော့ အိမ်ရောက်တာနဲ့ အိပ်ရာပေါ်က မထနိုင်တော့တာပင်

>>>>

သခင်ကြီး နေမကောင်းဘူးဆိုတဲ့ မ အီယန် ဆီက ကြားရတဲ့ စကားကြောင့် ဘယ်သူမှ မသိအောင် Jungkook ရုံးက ပြန်လာတော့ အခန်းထဲ ခိုးဝင်ကြည့်မိလေသည်

အိမ်ရာပေါ်မှာ ပိုးလို့ပက်လက်လန်နေပြီး Coat အင်္ကျီက ​ကြမ်းပြင်ပေါ်မှာ ဖရိုဖရဲကျနေပြီး ရုံးအင်္ကျီလဲမလဲရသေး ရှုးဖိနပ်ကိုလည်း မချွတ်ပဲ ကုတင်ပေါ်မှာ ညည်းညူနေသူကြောင့် Yoongi စိတ်ပူစွာ နဖူးကို ပြေးစမ်းမိကြည့်လေသည်

"ပူကျစ်နေတာပဲ..."

အဖျားစမ်းပြီးတာနဲ့ ပြဒါးတိုင်ကို အောက်မှာ ပြေးယူပြီး နှုတ်ခမ်းဝမှာတပ်ပေးလိုက်သည်

ပြီးတော့ နက်ခ်တိုင်တွေဖြည်ပေး ဖိနပ်တွေ ချွတ်ပြီးတော့ ကိုယ်လုံးလေးလေးကြီးကို မကာ ရေပတ်တိုက်ပေးပြီး အင်္ကျီပါလဲပေးလိုက်လေသည်

ပြဒါးတိုင်ကို ကြည့်လိုက်တော့ အဖျားက 100 နီးပါးပင်

ဒါ့ကြောင့် Jungkook ကိုနေရာသေချာချပေးပြီး ဆရာဝန်သွားမခေါ်ခင် စောင်ကိုသေချာခြုံပေးလိုက်ပြီး ထွက်သွားမည်အလုပ်မှာ

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now