Chapter - 16

998 126 57
                                    

"ကို... ဘယ်သွားဖို့လဲ Party မပြီးသေးဘူးလေ"

"Boss Party... မပြီးသေးဘူးလေ"

Jungkook ဘယ်လောက်ထိ ဒေါသကြောင့် အသိစိတ်ပျောက်နေသလဲဆိုတာ Yoongi ကိုဆွဲခေါ်လာတဲ့ လမ်းတစ်လျှောက် တစ်တွတ်တွတ် Party မပြီးသေးကြောင်း လိုက်ပြောတဲ့ Bam နဲ့ မန်နေဂျာ James ကိုပါ ဂရုမစိုက်မိပါ

Bodyguard တွေက အလိုက်သိစွာ ကားတံခါးဖွင့်ပေးတော့ Yoongi ကို ကားထဲ တွန်းထည့်လိုက်ပြီး သူကပါ ကားပေါ်ဝင်ထိုင်လိုက်သည်

"Boss... Party ကို ဒီလို ထားခဲ့လို့မရဘူးလေ... Boss ရဲ့ စီးပွားရေးမိတ်ဖက်တွေ အဲ့မှာရှိသေးတယ်လေ"

"မင်းကို လွှဲလိုက်ပြီ"

"ကို! Bam ပြောနေတာကို ဘာလို့နားမထောင်တာလဲ"

"ကိုယ် အခုအရေးကြီးရှင်းစရာလေးရှိသေးလို့ နောက်မှပြောမယ် Bam"

Jungkook ပြောပြီးတော့ Bodyguard ကိုခေါင်းငြိမ့်ပြလိုက်သည်

အလိုက်သိတဲ့ Bodyguard တွေက ကားတံခါးကိုပိတ်ပေးပြီး Driver ကလည်း Party ပွဲကနေ ကားထွက်လာတော့လေသည်

"Yoongi... မင်းရှင်းစမ်း! အဲ့ကောင်နဲ့ မင်းဘယ်လိုသိတာလဲ... ငါမင်းကိုပြောထားတယ်လေ အဲ့ကောင်နဲ့ မပတ်သက်ပါနဲ့လို့"

"ဦး အထင်လွဲနေတာ ဆရာ Kian က Bam Yoo ဦးအပေါ် သစ္စာဖောက်လို့ ဦးအတွက်တွေးပေးပြီး ဦးနဲ့ လိုက်ခွဲခဲ့တာ နောက်ဆုံးတော့ သူက ဦးအမြင်မှာ ကြာကူလီဖြစ်သွားရတာလေ...

Bam Yoo ကြောင့် ကျွန်တော်လေးစားရတဲ့ ဦးက ကိုယ့်ညီကို စွန့်ပစ်နိုင်တဲ့အထိ အသိစိတ်တွေ ပျောက်သွားပြီလား"

ဖြောင်း!

"Min Yoongi မင်းစကားကို ကြည့်ပြောစမ်း ပြီးတော့ မင်းဘာစောက်ကြောင်းနဲ့မှ Bam ကိုမကောင်းပြောစရာမလိုဘူး"

ရိုက်ချခံလိုက်ရတဲ့ ပါးပြင်က ပူခနဲနဲ့ မျက်လုံးတွေပါ ပြာသွားရသည်

ဦး သူ့ကို ပါးရိုက်ပြန်ပြီ... Yoongi ဝမ်းနည်းရုံကလွဲလို့ ဘာမှမပြောနိုင်စွမ်းမရှိတော့ပါ

"ဟင်အင်း... ခင်ဗျားက ကျွန်တော်သိတဲ့ ဦးမဟုတ်တော့ဘူး"

"Min Yoongi ငါ့ကို ပြန်ခံမပြောနဲ့... ကျွန်က ကျွန်နေရာမှာပဲနေ ငါပြန်မပြောရစေနဲ့!"

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now