Chapter - 23

1K 127 55
                                    

Jungkook အိမ်အကူတွေကို သူ့အခန်းထဲက ဖန်ကွဲစတွေနဲ့ သွေးတွေကိုရှင်းခိုင်းလိုက်ပြီး သူကတော့ အလုပ်ခန်းထဲသာ ဝင်ထိုင်နေလိုက်တယ်

"သခင်လေး..."

ညင်သာတဲ့ လေသံနဲ့ ခေါ်လိုက်တဲ့ အိမ်တော်ထိန်းကို ဒေါသမပြေသေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်

"Yoon လေးက သခင်လေးရဲ့ ကိုယ်ဝန်ကို လွယ်ထားရတာမို့ မချစ်ရင်တောင် ဂရုစိုက်သင့်ပါတယ် မဟုတ်ရင် Yoon လေးသာမက ကလေးကိုပါထိခိုက်လာနိုင်တယ်"

"ဒါသူ့အမှားပဲလေ သူနဲ့ထိုက်တန်တယ်"

"သခင်လေး စိတ်အေးအေးထားပြီး ကိုယ်လုပ်ခဲ့တာ မှားလားမှန်လားပဲ တစ်ချက်လောက်ပြန်စဥ်းစားကြည့်လိုက်ပါ"

"....."

"ကျွန်တော့် သွားလိုက်ပါဦးမယ် တစ်ခုခုလိုရင် လှမ်းခေါ်လိုက်ပါ သခင်လေး"

"....."

အခန်းထဲက ထွက်သွားတဲ့ အိမ်တော်ထိန်းကြီးကိုလှမ်းကြည့်ရင်း သူသက်ပြင်းအရှည်ကြီးချလိုက်တယ်

အခုက ဒေါသထွက်နေရမယ့်အချိန်မဟုတ်ဘူး ဒီကိစ္စကိုဖြေရှင်းရမယ့်အချိန်ပဲ

ဟိုအယုတ်တမာလေးက ကိုယ့်ရဲ့သွေးသားကို လွယ်ထားရတာမို့ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ဆက်ပြီး သောင်းကျန်းနေလို့ အဆင်မပြေဘူး ဒါကြောင့် ပညာသားပါပါရှင်းမှ အဆင်ချောပေလိမ့်မည်

Jungkook တွေးရင်း ထိုင်ခုံပေါ်က ထကာ အောက်ထပ်ကို ဆင်းလာခဲ့လိုက်ပြီး Yoongi ရှိနေမည့် စတိုခန်းနေရာကို ဝင်လာခဲ့လိုက်သည်

တံခါးလက်ကိုင်ကိုလှည့်ပြီးဝင်လာလိုက်တော့ အဖြူရောင်ရိုးရိုးမွေ့ရာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ Yoongi ကိုတွေ့လိုက်ရတယ် သန့်ပြန့်နေပုံထောက်ရရင် ရေမိုးချိုးပြီးပုံပဲ

သူကသာ ပူလောင်ပြီး ဒေါသတွေထွက်နေတာ ဒီကောင်က အေးချမ်းနေတာများ မတရားလိုက်တာ

စတိုခန်းက အေးစိမ့်စိမ့်နဲ့မို့ သူတောင်ကြာကြာနေချင်စိတ်မရှိတာ ဒီကောင်လေး ဘယ်လိုတောင်နေတာပါလိမ့်

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now