Chapter - 17

1.4K 123 59
                                    

[Warning]

"ငါ အိမ်ပြန်နှင့်မယ်... မင်းတို့ရဲ့ ကားနဲ့ Yoongi ကိုအိမ်ပြန်ခေါ်ခဲ့ကြ"

Jungkook အပြင်မှာရပ်နေတဲ့ Bodyguard ကို ကားထဲကနေပဲ အမိန့်ပေးလိုက်တယ်

..........

Bodyguard တွေကလည်း ဦးညွှတ်အရိုသေပေးပြီးတော့ လှုပ်လှုပ်ရွရွဖြစ်သွားကြလေသည်

စကားပြောသံက အေးဆေးလွန်းနေပေမဲ့ အကြည့်တွေက ဒေါသရိပ်တွေပါမှန်း သူတို့သိကြသည်

သူတို့ကြောက်တာလည်း ထိုအကြည့်တွေပင် အေးဆေးတည်ငြိမ်တဲ့ သူတို့ Boss က ဒေါသထွက်တာရှားတာမို့ ထိုသို့သောအကြည့်မျိုးက အတော်ကို ဒေါသထွက်နေတာလို့ သူတို့ မျက်နှာအရိပ်ကဲဖတ်မိကြလေသည်

ထို့ကြောင့် သူတို့ Boss ရဲ့ ကားထွက်သွားတာနဲ့ Bodyguard တွေက အမြန်ပင် Yoongi ဆီသို့ပြေးကြလေသည်

.........

Yoongi ဖန်စီ လက်ပတ်လေးတွေရွေးနေတုန်း Kian က လက်တို့ပြီး ကားလမ်းမဘေးကို ကြည့်ခိုင်းတော့ Yoongi ကြည့်မိလိုက်တယ်

Bodyguard တွေအုပ်လိုက်ကြီးပြေးလာတာမြင်တော့ Yoongi ထွက်ပြေးရမလိုလိုနဲ့ ခြေလှမ်းတို့ကို နောက်ဆုတ်မိလေသည်

"သခင်လေး... ဘာလို့ကျောင်းမှာမစောင့်ဘဲ လျှောက်သွားနေရတာပါလဲ..အခုချက်ချင်းအိမ်ပြန်ရပါမယ်"

သူ့ရှေ့လာရပ်တဲ့ ၇ယောက် ၈ယောက်လောက်ရှိတဲ့ Suit အနက်နဲ့ လူထွားကြီးက အသဲသန်အမောတကော လာပြောတော့ Yoongi လန့်တောင်လန့်သည်

သူ့ကို ကြိုဖို့ လူအင်အားအဲ့လောက်တောင်လိုလို့လား

"ဟိုလေ... ဒီမှာ ဖန်စီလက်ကောက်လေးရွေးဦးမို့"

"မရပါဘူး... အခုပဲပြန်ရပါမယ်"

"ခနပါပဲဆို"

Yoongi က ဖန်စီလက်ကောက်လေးတွေကို တအားလိုချင်နေတော့ Jam Kian လည်းရပ်မကြည့်နေတော့ပဲ

"Yoongi လိုချင်တာလေး အရင်ဝယ်လိုက်ပါစေ... သူဒါရွေးပြီးရင် ပြန်မှာပါ".

"ဒါပေမဲ့ သခင်လေး Kian"

"ရူး.."

Jam Kian က Jungkook ရဲ့ ညီမို့လို့ Kian စကားကို နားထောင်တဲ့ အနေနဲ့ Bodyguard တွေကလည်း ခနရပ်စောင့်နေကြလေသည်

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now