Chapter - 6

860 111 31
                                    

ပါးပါးတို့ဆီကနေ လူကြီးရဲ့ အိမ်ပြန်ရောက်တော့ ကားပေါ်က ဆင်းဆင်းချင်း ခေါင်းလေးကို ပုတ်လာတဲ့ လူကြီးကြောင့် Yoongi ငြိမ်သက်စွာ ရပ်နေမိတယ်

"တော်တယ် Yoonie... မင်းက တကယ် အားကိုးရတယ် နောက်လဲ ဒီလိုပဲ လိမ္မာမယ်မလား"

"ဟုတ်"

ခေါင်းပေါ်က လူကြီးရဲ့ လက်ဖဝါးဆီက နွေးထွေးမှုကြောင့် Yoongi ရင်ကလည်း ဒုတ်ဆိုတဲ့ သံစဥ်နဲ့ စတင်စွာ တီးဝိုင်းဖွဲ့လာတော့လေသည်

~မင်း အဲ့လောက်တောင် လူကြီးကို သဘောကျနေလားဟမ် မင်းဘဲ သဘောကျ ငါကတော့အမြန်လွတ်လပ်ချင်ပြီ ဒီလူကြီးကို ကူညီပြီးရင် ငါပြန်လွတ်လပ်ပြီ မင်း ဒီလိုလုပ်မနေစမ်းနဲ့~

ကိုယ့်ကိုကိုယ် သတိပေးပြီး ခေါင်းပေါ်က လက်ခွာသွားတဲ့ လူကြီးကိုမော့ကြည့်ပြန်လိုက်တော့ လူကြွေလောက်တဲ့ အပြုံးကြီးနဲ့ ပြုံးပြပြီး ပါးကိုဖွတစွာဆွဲလာသေးသည်

"ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ"

~မရတော့ဘူး ငါကြွေသွားပြီ~

Yoongi ရဲ့ အရောင်လဲ့လဲ့ မျက်ဝန်းလေးထဲမှာတော့ လူကြီးက Comic ထဲက ဇာတ်လိုက်မင်းသားတွေလို အသဲပုံလေးတွေဝိုင်းနေတော့သည်

~ဒုက္ခပါပဲ မင်းရူးနေပြီလား Min Yoongi~

ပါးလေးကိုဆွဲလိုက် နှာခေါင်းလေးကို ဆွဲလိုက်လုပ်နေတဲ့ လူကြီးကို ပြုံးကြည့်ရင်း Yoongi မလွန်ဆန်နိုင်တော့

~လူကြီး က သိပ် အန္တရာယ်များတယ်~

"ပြီးတော့ Yoonie ဒီနေ့ကစပြီး မင်းနာမည်က Jeon Yoongi ဆိုတာကို မှတ်ထားပါ ကိုယ်နဲ့လက်ထပ်ထားတဲ့ ကာလအတွင်း မင်းဒီနာမည်ပဲသုံးရမယ် မင်းက အခုချိန်မှာ ကိုယ့်မိသားစုဝင်ပဲ"

"ဟုတ်"

ချိမ်း!

ညအချိန်အခါလဲဖြစ် မှောင်မဲနေတဲ့မိုးဟာ သတိမပေးဘဲ တစ်ချုန်းချပြီး ရွာလာတာမို့ အိမ်ပြင်မှာရပ်နေတဲ့ Jungkook နဲ့ Yoongi ဆီကို Bodyguard တွေကပြေးလာပြီး ထီးဆောင်းပေးကြတယ်

"ကလေး မိုးရွာနေပြီ အိမ်ထဲဝင်ကြရအောင်"

"ဟုတ်... ဦး"

A FAKE MARRIAGE ( အယောင်ဆောင်လက်ထပ်ခြင်း)Where stories live. Discover now