Part52(uni+zawgyi)

1.5K 65 22
                                    

Uni

"ဟုတ်တယ် ငါပဲ ဘာကြောင်ကြည့်နေတာလဲ
အိမ်ထဲပေးဝင်ပါဦးဟ ပြောစရာရှိတာလေးအေးအေးဆေးဆေးပြောရအောင်"

ပုလဲနက်လည်း တံခါးဖွင့်ပေးလို့ နှင်းဖြူစင် အိမ်ထဲရောက်လာတော့ အိမ်ထဲမှာ တစ်ယောက်ယောက်ကိုရှာနေပုံ မျက်လုံးကစားနေတာကြောင့်

"ကိုကို မရှိ ~"

"သိတယ် မောင် အလုပ်မှာဆိုတာ

ငါက ခု နင်နဲ့တွေ့ရအောင်လာတာ ကျန်တဲ့သူတွေရော ဘယ်သူမှမရှိဘူးလား"

ပုလဲနက်ခေါင်းခါပြလိုက်တော့

နှင်းဖြူစင်တစ်ယောက်မဲ့ပြုံးလေးပြုံးပြီး
"အတော်ပဲပေါ့ ငါကလည်း မင်းတစ်ယောက်တည်းနဲ့ပဲတွေ့ချင်တာ

ဒီမှာကြည့် မောင်နဲ့ငါရဲ့ လွန်ကျူးထားတဲ့သက်သေ ကိုယ်ဝန်က လနုသေးပေးမယ့်
Ultrasound ရိုက်ထားတဲ့ပုံမှာ မင်းသေချာမြင်ရမှာပါနော် "

နှင်းဖြူစင်ကလက်ထဲကိုထိုးပေးလိုက်တဲ့
ultrasoundရိုက်ထားတဲ့ ကလေးဓာတ်ပုံလေးကြောင့် ပုလဲနက် ရင်ထဲမှာ သွေးစိမ်းရှင်ရှင်ထွက်လောက်အောင် ကျေကွဲသွားတယ်

"မင်းကြောင့် မောင်က မင်းကြောင့် သု့သွေးကိုတောင် သတ်ပစ်ဖို့ပြောခဲ့တာ မင်းကြောင့် မောင်ကလူယုတ်မာတစ်ယောက်ဖြစ်ရတာ
မင်းကြောင့်ပဲ ငါတို့ချစ်သူနှစ်ယောက် ရှင်ကွဲကွဲပြီး ဗိုက်ထဲက ကလေးပါ အပစ်မရှိပဲသေရတော့မှာ အားလုံးမင်းကြောင်းကြီးပဲ
သိရဲ့လား ပုလဲနက်ရဲ့
မင်းကမောင့်အနားမှာ လုံးဝမရှိသင့်တဲ့သူ
အို မကဘူး

မင်းကအသက်ရှင်ဖို့ကို မထိုက်တန်တဲ့သူပဲ"

ပုလဲနက် မျက်ရည်တွေတာကျိုးပြီး ရင်အစုံဟာ မခံစားနိုင်တော့တာမို့

နားနှစ်ဖက်ကိုပိတ်ပြီး ထိုစကားတွေမကြားရနိုးနိုးပိတ်ကာအော်လိုက်မိတယ်

"အား မဟုတ်ဘူး နက်မဟုတ်ပါဘူး အား တော်ပါတော့ရှင်"

ပုလဲနက်ပိတ်ထားတဲ့နားနှစ်ဖက်ကို နှင်းဖြူစင် အတင်းဖယ်ကာ နက်ရဲ့ ဂဏာမငြိမ်တဲ့ မျက်လုံးကို သေချာကြည့်ကာ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now