ဂျိမ်းးးကားတံခါးကိုဒေါသတကြီးစောင့်ပိတ်လိုက်ပြီးနောက် အပေါ်ထပ်ကုတ်အကျီကိုချွတ်ရင်း
တတိယထပ်ကိုတက်သွားသူက တချက်ကလေးပြန်လှည့်မကြည့်..ဇေဇေနဲ့အာကာ အောက်ထပ်ကနေပဲ လူရီးအပေါ်တက်သွားတာကိုလိုက်ကြည့်နေရသည်။လူရီးစိတ်ဆိုးသွားပီ။ဟိူလူက်ိုစိတ်ရှ်ိတိုင်းထိုးကြိတ်ခဲ့ပြီး သူ့က်ိုလက်ဆွဲခေါ်လာခဲ့ပေမယ့် တစ်လမ်းလုံးလူက်ိုကြည့်လဲမကြည့်စကားလဲမပြော။'အကိုအာကာ..လူရီးစိတ်ဆိုးသွားပီ..ကျွန်တော်ဘယ်လိုလုပ်ရမလဲ'
'အင်းး..ရအောင်ချော့ပေါ့..Bossတော်တော်လေးစိတ်တိုနေတာ..'
'အင်းပါ..'
'ဒါဆိုအကိုပြန်မယ် ကုမ္ပဏီမှာလက်စသပ်စရာလေးတွေရှိသေးလို့..ညီလေးကပဲBossက်ိုစိတ်ရှည်ပေးပါအုံး..လက်ကဒဏ်ရာကိုလဲဆေးထည့်ပေးလိုက်ပါအုံး'
'ဟုတ်'
အကိုအာကာပြန်သွားမှ သူလဲတတိယထပ်ကိုတက်လာခဲ့သည်။လူရီးအခန်းကိုတံခါးခေါက်လိုက်ပေမယ့် ဖွင့်မပေးလို့ ကိုယ့်ဘာသာပဲဝင်လာခဲ့တော့ လူရီးကရေချ်ုးခန်းထဲကနေထွက်လာသည်။ခေါင်းလျှော်ထားတာကြောင့် သဘက်နဲ့ခေါင်းသုတ်ရင်းထွက်လာပေမယ့် သူ့ကိုမမြင်ချင်ယောင်ဆောင်သွားပြီး ဝရန်တာဘက်က်ိုထွက်သွားသည်။
'လူရီး..ခေါင်းလျှော်ထားတာလား..ကျွန်တော်သုတ်ပေးမယ်'
လူရီးလက်ထဲကသဘက်ကိုယူမယ်ကြံတော့..ရှောင်ထွက်သွားပြီး ဘီဒိုတံခါးကိုဖွင့်နေသည်။
'လူရီး အပြင်ပြန်မထွက်တော့ဘူးမလား..ဒါလေးဝတ်အိတ်'
သူကညဝတ်အကျီတစ်စုံထုတ်ပေးလိုက်သော်လည်း လူရီးက မဝတ် သူ့ဟာသူဆွဲထုတ်ပြီးဝတ်နေပြန်သည်။
'လူရီး..တောင်းပန်ပါတယ်... အမေနဲ့အကြာကြီးစကားပြောချင်လို့ တိတ်တိတ်လေးထွက်သွားမိတာပါ..လူရီးသိရင်ချက်ချင်းလိုက်ခေါ်မှာဆိုးလို့..အမေနဲ့စကားအကြာကြီးပြောချင်လို့..အမေ့ကိုလွမ်းလ်ို့'
'ထွက်သွား'
'ဟင်..'
'ငါ့အခန်းထဲကထွက်သွား'