Ep 23

22.8K 1.3K 30
                                    

'ဒေါ်ကြီး..ကျွန်မထမင်းစားမယ်..'

'ခူးစားလေ..အဆင်သင့်ပဲ'

ကိုကိုကြီးကအိမ်ထဲဝင်ခွင့်ပေးလိုက်ကတည်းကဒီမိန်းမယောင့်တက်နေတာ..အိမ်ထဲရောက်ကတည်းကတစ်အိမ်လုံးကိုလှည့်ပတ်စပ်စုနေတာ..တကယ့်စရိုက်။ပေါက်စီလေးကလည်းမနက်ကတည်းကထွက်သွားတာ..ည၈နာရီထိုးတဲ့ထိပြန်မလာသေး...ဒေါ်ကြီးနားချင်နေပေမယ့် ထိုမိန်းမကိုစိတ်မချလို့အခုထိမနားနိုင်။

'အိမ်ရှင်တွေကိုထမင်းပွဲရှေ့ရောက်ကျွေးမွေးရမှာရှင့်တာဝန်မဟုတ်ဘူးလား'

'ခူးကျွေးနေရအောင်..ရှင်ကအိမ်ရှင်လား'

'ပေါက်စီကဒီအိမ်ကအိမ်ကြီးရှင်ရဲ့သက်ဆိုင်သူ..ပေါက်စီရဲ့အမေဖြစ်တဲ့ကျွန်မက အိမ်ရှင်မဟုတ်လို့ဧည့်သည်လား'

'အဲ့ဒါတော့..ကိုကိုကြီးပြန်လာရင်သိရမှာပဲလေ..ရှင့်မှာခြေရောလက်ရောအကုန်ပါတယ်..အဆင်သင့်ချက်ပြီးသားမလို့ကြိုက်သလိုသာခူးစား...ကျွန်မ မအားဘူး'

'အဟင်းးး..အသံမာထားအူံးပေါ့ရှင်..ကျွန်မသမက်ပြန်လာမှ ရှင့်နဲ့ဒီကိစ္စဆက်ရှင်းကြတာပေါ့'

ဧည့်သည်ကိုကောင်းကောင်းမွန်မွန်ဧည့်ခံကျွေးမွေးရမယ်ဆိုတာသိပေမယ့်..ဒီမိန်းမရဲ့အထက်စီးဆန်ဆန်ပြောဆိုမှူတွေကိုမနှစ်မြို့တာမလို့ဘာမှကိုလုပ်ပေးချင်စိတ်မရှိ။
ကိုကိုကြီးပြန်လာလို့ဆူရင်လည်းခံလိုက်ရုံသာ။ထိုမိန်းမကတော့ သူ့ဟာသူခူးခပ်စားနေတာ..အသံစုံတီးဝိုင်းလိုပင်..ဆက်ကြည့်နေရင်အကုသိုလ်များလို့ အိမ်ရှေ့ခန်းမှာပဲ ပေါက်စီအလာကိုထိုင်စောင့်နေလိုက်တော့သည်။

'ဒေါ်ကြီး..သားပြန်လာပြီ..သားဗိုက်ဆာတယ်..ဘာရျှိလဲ'

'သားး..တေဇ'

သူ့သားအသံကြားတာနဲ့ထမင်းစားခန်းထဲကပြေးထွက်လာသောထိုမိန်းမ..

'အ...အမေ..'

'အဟင်းးး..သားကိုအမေတနေကုန်စောင့်နေတာ..အခုမှပဲပြန်လာတော့တယ်..လာ...သား..ထမင်းစားရအောင်..အမေခူးကျွေးမယ်..'

သူ့သားကိုလက်ဆွဲပြီးထမင်းစားခန်းထဲဝင်သွားတာကြောင့် အဒေါ်ကြီးလည်းအနားယူဖို့ အခန်းထဲဝင်လာခဲ့တော့သည်။ထမင်းစားခန်းထဲတွင်တော့..

မင်းရှိမှ (Complete) Where stories live. Discover now