Ep 30

22.4K 1.3K 31
                                    

'လူရီးးး...လူရီးးး...အီးးးး...ထ...ထပါလို့...လိုက်မပို့ခိုင်းတော့ပါဘူး...အခုလိုကြီးမနေပါနဲ့လို့...အီးးးဟိးးး'

ကားနားမှာလဲကျနေတဲ့လူရီးကို ဇေဇေပွေ့ချီထားရင်းပါးပြင်ကိုဖွဖွပွတ်သပ်ရင်းးနှိူးနေစဥ်..

'ကလေးး..ဆေးးးဆေးး'

'ဟင်...အင်းး..ဟုတ်တယ်..ဆေးတိုက်မယ်..အခုဆေးတိုက်မယ်နော်..လူရီးအိပ်မသွားရဘူးနော်..'

လူရီးကခေါင်းငြိမ်​့ပြလာတာကြောင့်ဇေဇေဘေးဘီဝဲယာကိုအကတ်ခတ်ကြည်​့တော့..ခြံစည်းရိုးအမြင့်ကြီးတွေခတ်ထားသည်။လူရီးကိုယ်လုံးကပွေ့ချီဖို့ရာလည်း မတတ်နိူင်တာကြောင့် ဇေဇေထပ်ဝတ်ထားတဲ့အပေါ်ထက်အကျီကိုချွတိလိုက်ပြီး..လူရီးနဲ့သူ့ပေါ်လွှမ်းခြုံလိုက်သည်။ထို့နောက်...အကျီလေးကိုပင့်တင်ကာ..လူရီးရဲ့ဖြူဖပ်နေတဲ့နှုတ်ခမ်းနားကို ပဲစေ့လေးနဲ့ထိတွေ့ပေးလိုက်တော့..လူရီးကချက်ချင်းစုပ်ယူလာလို့ လူရီးဆံပင်တွေကိုဖွဖွပွတ်သပ်ပေးရင်းး လူရီးအိပ်ပျော်မသွားအောင်စကားတွေပြောပေးနေရသည်။

'လူရီးးး..မနက်ကျမှပြန်မယ်နော်...မနက်ကျမှ အမေတို့ကိုသွားတွေ့မယ်နော်...လူရီးဒီညအားပြည့်အောင်အနားယူလိုက်နော်...အမေတို့နဲ့တွေ့ရင်လေ..လူရီးက ကျွန်တော့်ယောကျား ကျွန်တော်အရမ်းချစ်ရတဲ့ကိုကိုလို့ မိတ်ဆက်ပေးလိုက်မယ်နော်...ကျွန်တော့်ကို အမေတို့ဘာလို့ထားခဲ့တာလဲလို့မေးရင်ကောင်းမလားဟင် လူရီးး...အဲ့လိုမေးလိုက်ရင် အမေတို့စိတ်မကောင်းဖြစ်သွားမလားပဲနော်...အမေနဲ့အဖေက အသက်တွေကြီးနေရောပေါ့နော်လူရီးး..အမေတိူ့နေကောင်းလောက်ပါတယ်နော်...'

လူရီးကိုစကားတွေပြောနေပေမယ့် လူရီးကဘာမှပြန်မ​ပြောနိုင်ပေမယ့်..လူရီးလက်တွေက သူ့ခါးကိုပွေ့ဖက်လာလို့..လူရီးကိုတင်းကြပ်နေအောင်ပြန်ပီးပွေ့ဖက်ထားမိသည်။ဘယ်ဘက်ကပဲစေ့လေးကိုစိူ့နေတာကြာပြီမို့..

'လူရီး..ဒီဘက်ကသိပ်မထွက်တော့ဘူး..ဒီဘက်ပြောင်းရအောင်နော်'

သူ့ကိုယ်ကိုနည်းနည်းကိုင်းကာ..ညာဘက်ပဲစေ့လေးကိုထိကပ်ပေးလိုက်ပြန်သည်။ထိုအချိန်ရုတ်တရက်ကြီး မိူးကတဝေါဝေါရွာချလာလို့..ဇေဇေလူရီးကိုတွဲထူပေမယ့်..လူရီးက ခြေထောက်တောင်မထောက်နိုင်လောက်တဲ့ထိ အားပြတ်သွားတာကြောင့်...အနီးဆုံးက ကားတံခါးကိုဆွဲဖွင့်ကာ..ကားနောက်ခန်းထဲသို့ လူရီးကိုမနိုင်မနင်းဖြင့်ဆွဲသွင်းရတော့သည်။မိုးကလည်း သည်းကြီးမည်းကြီးရွာလိုက်တာဆိုတာ...လူရီးကိုကားကူရှင်ပေါ်လှဲအိပ်ခိုင်းထားရပီး..ကားထဲမှာအသင့်ပါတဲ့.သဘက်ယူကာသုပ်ပေးနေရင်းး..လူရီးက ​ေဇဇေ့ကိုသူ့ရင်ခွင်ထဲအတင်းဆွဲဖက်တာကြောင့်...ဇေဇေအလိုက်သင့်ပဲ လူရီးရင်ခွင်ထဲတိုးဝင်ကာ..လူရီးရဲ့ခါးကိုကျစ်နေအောင်ဖက်ထားမိသည်။မိုးတစ်ခြက်ခြိမ်းလိုက်တိုင်း ဇေဇေ့ကိုယ်လေးက တုန်ခနဲ...ဇေဇေက တစ်ချက်တုန်လိုက်တိုင်းးးလူရီးကပိုပိုပြီးတိုးဖက်ထားပေးသည်။

မင်းရှိမှ (Complete) Where stories live. Discover now