Ep 25

21K 1.3K 42
                                    

ကိုကိုနဲ့အကိုဇေတို့Liveကို မီးဝင်းဝင်းတောက်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ သားအမိနှစ်ယောက်။

'သား...မင်းကိုကိုကိုလွှတ်ထားလို့မဖြစ်တော့ဘူး..ဒီတိုင်းဆို အဲ့ကောင်လေးလက်ထဲပါသွားလိမ့်မယ်..အမေတို့အကြံအစည်မြန်မြန်အကောင်အထည်ဖော်မှဖြစ်မယ်'

'ကိုကိုမှ ပြန်မလာတာ..အမေကဘယ်လိုလုပ်ချင်လို့လဲ'

'ဟဲ့..ပြန်မလာတဲ့သူကိုပြန်လာအောင် နင်ကြိုးစားရမှာပေါ့..အခုချိန်ထိပေါက်စီကိုလိုက်ရှာခဲ့တယ်ဆိုကတည်းက ပေါက်စီအပေါ်သူထားတဲ့သံယောဇဥ်ကနည်းလား...သူပြန်လာအောင်သာလုပ်ပေး..ကျန်တာအမေ့တာဝန်ထား..သူအမြန်ပြန်လာဖ်ို့အဓိကပဲ'

'ဟင်းးး..စိတ်ညစ်တယ်ဗျာ...ပိုက်ဆံသုံးစရာလည်းမရှိတော့ဘူး'

'နင့်ကိုကိုစီကတောင်းပေါ့..ဒီလောက်သုံးမကုန်အောင်ချမ်းသာနေတာကို'

'ကိုကိုက ခရီးမသွားခင်အလုံအလောက်ပေးခဲ့ပီးသားဗျ..ဘယ်လ်ိုလုပ်ထပ်တောင်းရဲမှာလဲ'

'တောင်းကြည့်ပေါ့...ရတော့လည်းအမြတ်ပေါ့ဟဲ့'

'အင်းပါ..အမေသွားအိပ်တော့..ဒေါ်ကြီးကိုလည်းရိုသေသမှူလေးနဲ့ဆက်ဆံပါဗျ..အမေ့ထက်လည်းအသက်ကြီးတယ်..ကိုကိုတောင်ဒေါ်ကြီးကိုအမေ့လိုမဆက်ဆံဘူး'

'အို..ဒူးနေရာဒူးတော်နေရာတော်ပဲ..နင်သာနငိ့ကိုက်ိုမြန်မြန်ပြန်လာအောင်ကြိုးစားချေ။မဟုတ်ရင်ဟိုအဖြူကောင်နဲ့ညားပီး ဘာမှမရဖြစ််မယ်..ကြားလား'

'ကြားတယ်..သွားပါတော့ဗျာ..စိတ်လေပါတယ်ဆို...ဟူးးးးးး'

အမေကသာအတင်းတွေသူများပစ္စည်းအချောင်လိုချင်နေတာ...သူ့မှာတော့..လိမ်ထားတာပေါ်သွားခဲ့ရင်ဆိုပြီး နေ့နေ့ညညနေရတာ..တစ်စက်ကလေးမှမပျော်နိုင်...စိတ်ထွက်ပေါက်အဖြစ် ကိုကိုဝယ်ပေးထားတဲ့တန်ဖိုးကြီးပစ္စည်းတွေပေါင်နှံပြီး ဖဲရိုက်တော့လည်း ရှုံးးးး...ကိုကိုမေးရင်ဘယ်လိုဖြေရမယ်မသိ..အပူပေါ်အပူဆင့်..ကိုကိုပြန်မလာခင်ထွက်ပြေးရင်ကောင်းမလားတွေးမိသော်လည်း အရင်လိုဘဝပြန်မရောက်ချင်တော့...ဒါပေမယ့် အရင်ဘဝကဆင်းရဲပေမယ့် အခုလောက်ထိသောကမများခဲ့...ဘာဆက်လုပ်သင့်လဲ....အချိန်အတော်ကြာစဥ်းစားပြီးမှ ကိုကို့ဆီဖုန်းခေါ်လိုက်တော့..ဖုန်းက စက်ပိတ်ထားသည်တဲ့။ဝန်ခံဖ်ို့ရာဖုန်းဆက်ပေမယ့် အခြေအနေကမပေးပြန်။ရှေ့ပဲဆက်တိုးရမလား နောက်ပဲဆုတ်ရမလား...တကယ်လမ်းပျောက်နေပြီ။

မင်းရှိမှ (Complete) Where stories live. Discover now