Ep 18

25.6K 1.6K 44
                                    

'အင့်..ဟင့်...လူရီး..လူရီး..ကျွန်တော်ခေါ်နေတယ်လေလို့..အင်းးးလို့ပြန်ထူးပါအူံးးဗျ...အီးးးး'

သူ့လက်ထဲမှာပျော့ဖတ်နေတဲ့လူရီးပါးလေးကိုဖွဖွပုတ်ရင်းခေါ်နေပေမယ့်လူရီးကနိုးမလာခဲ့..အကိုအာကာနဲ့အစ်မမေသူကဘည်းဘေးကနေရပ်ကြည့်နေပြီးငိုနေကြသည်။

လူရီးကိုခေါ်မရတော့ရင်သူလုပ်နေကြအတိုင်း..လူရီးနှုတ်ခမ်းနားလေးကိုပဲစေ့လေးက်ိုထိကပ်ပေးတော့လည်းအရင်လိုစွဲမစုပ်တော့..ပါးစပ်ထဲကို.နို့ရည်ညှစ်ထည့်ပေးတော့လည်း လည်ချောင်းလေးမလှုပ်လာတော့ဘဲ..အကုန်အပြင်သို့စီးကျကုန်သည်။

'အီးးး..လူရီး...စို့ပါအုံးဗျ..လူရီးပဲ ပဲစေ့လေးတွေက်ိုချစ်တယ်ဆို.ဆေးသောက်လိုက်ရင်ချက်ချင်းပြန်ကောင်းလာတယ်ဆို....လူရီးလို့..အားးးး..အစ်မ...အကိုအာကာ...လူရီးကိုခေါ်လို့မရ​တော့ဘူး...သူ...သူဆေးလည်းမသောက်တော့ဘူး...တစ်ခုခုလုပ်ပေးကြပါအုံးဗျာ...လူရီးရေ...အီးးဟီးးးးကျွန်တော့်ကိုမထားခဲ့ပါနဲ့ဗျ....အီးးးးး....ကျွန်တော်ခများမရှိရင်မနေတတ်တော့ဘူးလို့..ထပ်ပြီးမထားခဲ့တော့ပါဘူး..စိတ်မကောက်တော့ပါဘူး..တောင်းပန်ပါတယ်..မြန်မြန်နိုးလာပါတော့ဗျ...အီးးးး..လူရီး...လူရီးးလို့....အားးးး'

သူလူရီးကိုအတင်းလှုပ်နှိုးနေပေမယ့်လူရီးကလုံးဝပြန်နိုးမလာခဲ့သလို..အကိုအာကာကနံရံကိုလက်သီးနဲ့ထိုးကာအော်အော်ပြီးငိုသည်။အစ်မမေသူကလည်းသူ့ကိုဖွဖွဖက်ပြီးငိုသည်။

'ဝေဟင်..ဝေဟင်အစ်မတို့ကိုထားခဲ့ပီးဇေဇေရယ်...အီးးးး...အစ်မမကောင်းတာ..သူနေကောင်းနေတယ်ထင်ပြီးဇေဇေ့နို့ရည်မလိုအပ်တော့ဘူးလိုအစ်မ မှားပြောမိလို့သူအခုလိုဖြစ်သွားတာ..ငါ...ငါမကောင်းတာပါဝေဟင်ရယ်...အီးးးဟီးးးး'

'ကျွန်တော်မကောင်းတာပါ..ကျွန်တော်ထားခဲ့မိလို့..ကျွန်တော့်အပြစ်ပါ..လူရီးးး..ထပါအုံးလို့....အီးးးဟီးးး'

'ဟင့်..လူရီး...လူရီးးး..အင့်...ဟင့်'

ရင်ထဲကိုမီးမြှိုက်ထားသလိုပူလောင်လာတာကြောင့်ဇေဇေရုတ်တရက်လန့်နိုးလာတော့သူ့ပါးပြင်မှာရောခေါင်းအုံးမှာရော..မျက်ရည်တွေရွှဲစိုနေသလိုတကိုယ်လုံးလဲချွေးတွေရွှဲနစ်နေသည်။အခုမှ အစောကဖြစ်ရပ်ဟာအိပ်မက်ဆိုတာသိလိုက်ရတော့မှ ရင်ထဲမှာတစ်စို့နေတဲ့အလုံးကြီးကျသွားသလိုခံစားလိုက်ရတော့သည်။

မင်းရှိမှ (Complete) Where stories live. Discover now