'အာကာ..ကလေးအခုပဲဆေးရုံထဲကထွက်သွားတယ်..ကလေးနောက်...မသိမသာလိုက်သွား'သူအာကာ့ကိုဖုန်းဆက်ပြီးနောက်...ငိုနေတဲ့တီနှင်းကိုချော့ရပြန်သည်။
'သားးး...သားးသားးး...အမေ့သားလေးးး..အင့်...ဟင်ံ့'
ဇေဇေကအခန်းထဲကပြေးထွက်သွားတာကြောင့်တီနှင်းက ဇေဇေ့နောက်ပြေးလိုက်ဖို့ပြင်နေတော့..ဝေဟင်နဲ့ဦးလေး..တီနှင်းကိုမနည်းထိန်းလိုက်ရသည်။
'နှင်းးး..နှင်းးးး...သားက သူ့ကိုကိုကိုစိတ်ဆိုးလို့ခဏလေးထွက်သွားတာ..ပြန်လာမှာနော်..'
'အင့်..မရဘူး...နှင်းလိုက်သွားမှာ...သားလေးပြန်မလာတော့ရင်ဘယ်လိုလုပ်မလဲအကိုရဲ့..အီးးး'
'တီနှင်း..စိတ်ချပါ..ကျွန်တော့်တပည့်ကို ကလေးနောက်လိုက်ခိုင်းထားပါတယ်...ကျွန်တော်ပြန်လျုက်ခေါ်ပေးမှာမလို့. ..တီနှင်းမစိုးရိမ်ပါနဲ့'
'သားး..ထက်ထက်...သားလေးကိုပြန်ခေါ်ပေးပါကွယ်နော်...သားလေးမလိုက်ချင်ရင်တီနှင်းမခေါ်သွားဘူး...ဒီမှာပဲသားတို့နဲ့အတူလိုက်နေမယ်နော်...သားး..အန်တီတို့ကိုလက်ခံပေးမယ်မလားဟင်'
'နှင်းး...မဖြစ်ဘူးလေ...နှင်းဒီမှာဆက်နေအူံးမယ်ဆိုရင်..နှင်းအခြေအနေက'
'ရတယ်..နှင်းဘယ်နရက်ပဲနေရနေရသားလေးနဲ့အတူနေရမယ်ဆို နှင်းသေပျော်ပါပီအကိုရယ်..နှင်းကိုမတားပါနဲ့နော်...အင့်..ဟင့်'
'နှင်းရာ...ကိုယ့်ကိုမသနားဘူးလား...ဟင်...နှင်းကိုအမြဲအရိပ်တကြည့်ကြည့်ချစ်နေရတဲ့ကိုယ့်ကိုမသနားဘူးလား...ကိုယ်တို့ဘဝထဲကလွယ်လွယ်ထွက်သွားဖ်ို့ကြိုးစားနေတာလား..ဟင်...နှင်းပြောတော့..သားနဲ့အကြာကြီးနေချင်သေးတယ်ဆို...သားကကိုယ်တိူ့နဲ့လိုက်နေမယ်လို့ကိုယ်ယုံတာမလို့..နှင်းကအခုခဏလေးနားလိုက်..နှင်းနိုးလာတာနဲ့...အားလုံးအဆင်ပြေစေရမယ်..ကိုယ်တို့သားသားနဲ့အတူ တောင်ကြီးကိုပြန်ကြမယ်..ကိုယ့်ကိုယုံ'
'အင့်.....နှင်းးး...နှင်းးမအိပ်ရဲဘူး..နှင်းနိုးလာလို့သားသားမရှိတော့ရင်...အီးးးဟီးးးး'