Ep 16

22.3K 1.5K 52
                                    


'ပေါက်စီ..ကိုကို့နောက်လိုက်ခဲ့..ဒေါ်ကြီး..ဒီနံပါတ်ကိုဆက်ပြီး..ဒီနေ့..ဆိတ်သားခြောက်ဖုတ်
၁၀ဘူးပ်ို့ပေးဖ်ို့ပြောလိုက်ပါ'

'အေးအေးသား..ဒေါ်ကြီးအခုပဲဆက်လိုက်ပါမယ်'

သူကောင်လေးနောက်ကိုချက်ချင်းလိုက်သွားချင်ပေမယ့်..အခုဖြစ်သွားတဲ့ကိစ္စကိုချက်ချင်းဖြေရှင်းချင်သည်။ဒေါ်ကြီးပြောပုံအရဆို ဇေဇေကဘာမှမပြောရသေးဘဲနဲ့က်ိုပေါက်စီလုပ်လိုက်တဲ့အပြုအမူက အဒေါ်ကြီးသာရှိမနေရင်ဇေဇေ့က်ိုအထင်လွဲချင်စရာ..ချစ်တော့ချစ်တယ်ညီလေး..ဒါပေမယ့်ပြောသင့်တာတော့ပြောရမှာပဲ..သူဧည့်ခန်းကိုထွက်လာတာနဲ့ပေါက်စီက နောက်ကနေခေါင်းလေးငုံ့ပြီးလိုက်လာသည်။

'ထိုင်'

သူထိုင်ခိုင်းတော့လည်းဆိုဖာမှာကျုံ့ကျုံ့လေးဝင်ထ်ိုင်ပြီးခေါင်းကိုငုံ့ထားတာသူ့ဒူးနဲ့ထိမတတ်။

'ဆိုပါအုံး...အစောကကိစ္စ'

'သား...သားတောင်းပန်ပါတယ်ကိိုကို'

'တောင်းပန်ခိုင်းနေတာမဟုတ်ဘူး..ညီလေးဘာရည်ရွယ်ချက်နဲ့အဲ့လ်ိုပုံစံပြုမူတာလဲကိုကိုသိချင်တာ'

'ဟို...သားး..သားမှာရည်ရွယ်ချက်မရှိပါဘူး..စားနေတုန်းအပြောခံလိုက်ရတော့..ရုတ်တရက်ဝမ်းနည်းသွားလို့ပါ...'

'ဝမ်းနည်းတာနဲ့ပဲ..အခုလိုပန်းနုသွေးတာကောင်းလား..ဇေဇေရော..ဒေါ်ကြီးရောမင်းကိုဘယ်လိုထင်သွားကြမလဲ..ကိုကို့ညီလေးကိုသူများအထင်သေးသွားမှာကိုကိုလုံးဝမကြိုက်ဘူး..မင်းအရင်ကဘယ်လိုပဲနေခဲ့နေခဲ့..အခုကိုကို့အရိပ်အောက်မှာ ငြိမ်းချမ်းစွာနေစေချင်တယ်..ငယ်ငယ်တုန်းကလိုလိမ္မာယဥ်ကျေးပြီးအရမ်းဖြူစင်တဲ့ပေါက်စီလေးကိုပြန်မြင်ချင်တယ်....မင်းဘာဖြစ်ချင်လဲဘာလိုချင်လဲကိုကိုအကုန်ဖြည့်စည်းပေးမှာ..လိမ္မာရင်မင်းအတွက်ကြည့်ပဲ..အေး..ဒါပေမယ့်..စိတ်ဓာတ်မကောင်းရင်တော့..ကိုကိုမင်းကိုဘယ်လောက်ချစ်ချစ်လက်ခံနိုင်မယ်မထင်ဘူး..လူတစ်ယောက်မှာအရေးကြီးဆုံးက ကိုယ်ကျင့်တရားပဲ..ကိုယ်ကျင့်တရားကောင်းဖို့စိတ်ဓာတ်ကောင်းဖို့ရိုးသားဖို့က အရေးကြီးဆုံးအချက်တွေပဲ...အဲ့အချက်တွေကိုဘယ်သူမှပြင်ပေးလို့မရဘူး..ကိုယ်ကိုယ်တိုင်ပြင်မှရမှာ...ေနာက်ထပ်ဒီလိုအဖြစ်မျိုးထပ်မမြင်ချင်ဘူး..ကိုကိုအခုလ်ိုဆုံးမနေတာဘယ်သူ့အတွက်လဲနားလည်တယ်မလား'

မင်းရှိမှ (Complete) Where stories live. Discover now