Ep 10

27.4K 1.9K 62
                                    

သူတို့ပုသိမ်ကိုရောက်တော့ အတော်လေးညဥ့်နက်နေလေပြီ..အာကာ့တပည့်စိုးမင်းကလည်းပို့ထားတဲ့လိပ်စာအတိုင်း လိုက်သွားတော့ စိုးမင်းပေးတဲ့လိပ်စာကယောကျားလေး အဆောင်တစ်ခု..

ထိုအဆောင်ရှေ့မှာ စိုးမင်းကလည်းစောင့်နေတာကြောင့်ကားရပ်တာနဲ့ Bossက ကမန်းကတမ်းပြေးဆင်းသွားသည်။

'စိုးမင်း...သူကဒီအဆောင်မှာလား'

'ဟုတ်တယ် Boss..ကျွန်တော်သူ့နောက်တောက်လျှောက်လိုက်နေတာ ဒီအဆောင်ထဲဝင်သွားတာပဲ..'

'အခုအထဲဝင်လို့ရနိုင်မလား'

'အဆောင်ပိုင်ရှင်ကိုနှိူးကြည့်ရင်တော့ရမယ်ထင်တယ်'

'လုပ်ကွာ..နှိုးကြည့်..ဘယ်လောက်ပေးရပေးရ ပေးမယ်'

Bossပုံစံက ထိုကောင်လေးနဲ့တွေ့ရဖ်ို့အတော်လေးကိုစိတ်အားထက်သန်နေသည်။အကိုလေးကိုတောင် အာကာကပြန်မလာဖြစ်တော့ကြောင်းဖုန်းဆက်ပြီးအသိပေးထားလို့သာ...သူတို့အဆောင်ရှင်ကိုနှိုးတော့..တော်တော်လေးနှိုးလိုက်ရသည်။အဆောင်ရှင်ဦးလေးကြီးက အိမ်ထဲကနေ အိပ်မှုံစုံမွှားနဲ့ပုဆိုးဝတ်လျက်သားနဲ့ထွက်လာပြိးး

'လူလေးတို့ ဘာကိစ္စလဲကွ'

'ဦးလေး..ဒီကောင်လေးကိုခေါ်ပေးလို့ရမလား..အရေးကြီးလို့'

စိုးမင်းက ဖုန်းထဲကသူ့ဓာတ်ပုံပြပီးမေးတော့ ထိုဦးလေးကြီးက ဖုန်းကိုယူပြီးဓာတ်ပုံကိုသေသေချာချာကြည့်နေပြီးမှ

'သြော်..တေဇပဲ..အဲ့ကောင်လေးက ဒီချိန်ဆို ဖဲဝိုင်းရောက်နေလောက်ပီကွ..မိုးလင်းမှပြန်လာတော့မှာ'

'ဗျာ...သူအဆောင်ထဲဝင်သွားကတည်းက ကျွန်တော်စောင့်နေတာ ပြန်ထွက်သွားတာလဲမတွေ့ပါဘူး'

'နောက်ပေါက်ကသွားတာလေ..'

'ဒါဆို အဲ့ဝိုင်းဘယ်နားမလဲလမ်းညွှန်ပေးလို့ရမလား ဦးလေး'

Bossရဲ့အလျင်လိုနေတဲ့စကားကြောင့်ဦးလေးကြီးကBossကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီးမှ

'ဒီကငါ့တူတို့ဆီက တေဇပိုက်ဆံချေးထားပြန်ပီလား..အဲ့ကောင်လေးကွာ..ရရသူံးသုံးပဲကွ..မင်းတို့ငွေချေးထားရင်တော့စိတ်ချ ပြန်ရမှာမဟုတ်တော့ဘူး..ဖဲဂျိုး...တနေကုန် ကုန်းရုံးရှာ..ညကျဖဲဝိုင်းမှာရှုံးပြစ်...လူငယ်တွေတကယ်စိတ်ထင်ရာလုပ်ကြတာ..ငါ့အဆောင်လခတောင် အဲ့ကောင်ဖဲနိုင်တုန်းက အတင်းဖြတ်ယူထားလို့'

မင်းရှိမှ (Complete) Where stories live. Discover now