နေအလင်းရောင်ကလိုက်ကာစတွေကြားထဲကနေ တစ်စစတိုးဝင်လာတာကြောင့် ဇေဇေမျက်လုံးဖွင့်ကြည့်လိုက်မိတော့ အပြင်လောကကြီးကအတော်လေးကိုထိန်လင်းနေပြီ။အလန့်တကြားနဲ့တိုင်ကပ်နာရီကိုကြည့်လိုက်တော့ မနက်၉နာရီ..
(ဒုက္ခပဲ..သင်တန်းက ၁၀နါရီ..သွားမှာလာမှာကားပိတ်မှာနဲ့ဆို အခုကတည်းကစထွက်မှကို..ဒီနေ့တော့အပြစ်ပေးခံရတော့မည်ထင်။)
ညကအခန်းထဲကိုလူရီးလာနိုးလာနိုးနဲ့စောင့်နေပေမယ့် စိတ်ဆိုးနေသူက တညလုံးပေါ်မလာခဲ့..ဘာကိုစိတ်ဆိုးသွားမှန်းလဲမသိတော့ မချော့တတ်..သူရေမချိုးနိုင်သေးဘဲ..လူရီးအိပ်ခန်းကိုသွားကြည့်တော့..လူရီးကမရှိ..အခန်းထဲအနှံ့ရှာသော်လည်းမတွေ့တာကြောင့် ေအာက်ထပ်ကိုအပြေးအလွှားဆင်းလာတော့လည်း ထမင်းစားခန်းထဲမှာမရှိ...ဒေါ်ကြီးကဟင်းချက်နေတာကြောင့်
'ဒေါ်ကြီး..လူရီးကုမ္ပဏီသွားပီလား'
'သွားပီလေ အကိုလေး..ဒီနေ့နယ်ဘက်ဆင်းရမယ်ဆိုလားပဲ..မနက်၇နာရီလောက်ကတည်းကထွက်သွားတာ'
'အာ...ဟုတ်..'
'အကိုလေး မနက်စာဘာစားမလဲ ဒေါ်ကြီးဘာလုပ်ပေးထားရမလဲ'
'မစားတော့ဘူးဒေါ်ကြီး..သား သင်တန်းနောက်ကျမှာဆိုးလို့..'
'ဒါဆို ဒေါ်ကြီးထမင်းချိုင့်ထည့်ပေးလိုက်ရမလား'
'မထည့်ပေးနဲ့တော့ဒေါ်ကြီး သားဝယ်စားလိုက်မယ်...ဟိုလေ...လူရီးသားကိုဘာမှာသွားသေးလဲ'
သူမေးတော့ဒေါ်ကြီးကပြုံးသည်။
(ဟွန့်..ပြုံးစရာဘာပါလို့လဲ..)
'မမှာသွားဘူးသား..နယ်ဘက်ဆင်းရမှာမလို့အပြန်နောက်ကျမယ်ပဲပြောသွားတယ်'
'ဟုတ်..ဟိုလေ..ဒေါ်ကြီး..သားဘောင်းဘီတွေတကယ်ပေးပြစ်ပီလားဟင်'
'အယ်..အခုလေးတင်ရွာကလူကြုံလာလို့ထည့်ပေးလိုက်ပီသားရဲ့'
'အင်းပါ...ပေးလိုက်ပီဆိုပီးတာပါပဲ'
သူစိတ်ဓာတ်ကျစွာနဲ့အိမ်ပေါ်ပြန်တက်လာခဲ့ရင်းရေချိုးနေပေမယ့် စိတ်တွေကလူရီးဆီမှာ..ညကလူရီးနဲ့အပြိုင်ကောက်မိတာကြောင့် ဆေးတိုက်ဖို့ဝတ္တရားရှိတာသိရဲ့နဲ့ဥပက္ခာပြုထားခဲ့မိသည်။