Ep 12

23.5K 1.5K 41
                                    

'သားလေး..ဖေကြီးဆီရောက်တော့မှာနော်..ဖေကြီးစီရောက်တာနဲ့သားကြိုက်တဲ့ပေါက်စီဝယ်ကျွေးမယ်နော်..'

'ဟုတ်..'

ကျောက်တွင်းကိုရောက်နေတဲ့ ဖေကြီးအိမ်ကိုပြန်မလာတာကြာပြီမလို့ စားစရာမရှ်ိဒုက္ခရောက်နေတဲ့အမေနဲ့သူနဲ့ ဖေကြီးရှိတဲ့ဆီလိုက်လာပေမယ့်..ကျောက်တွင်းကိုရောက်တော့..ဖေကြီးပြန်သွားတာကြာပြီတဲ့...လမ်းစရိတ်လည်းမရှိတော့တာကြောင့် အမေကကျောက်တွင်းမှာပဲအသိတစ်ယောက်အိမ်ကပ်နေရင်း ရတဲ့အလုပ်ကြိုးစားလုပ်ရင်းအပြန်စရိတ်စုမ်ိတော့မှ အိမ်သို့ပြန်လာရင်း အပြန်လမ်းမှာကားမှောက်လို့ ဇေဇေဆေးရုံရောက်သွားပြီးနောက် ဆေးရုံကဆင်းပြီးသိပ်မကြာ..ဂေဟာမှာထားခဲ့ခြင်းခံလိုက်ရတော့သည်။

ဂေဟာမှာလည်းလူကောင်သေးတဲ့သူ့က်ို တခြားကလေးများက အနိုင်ကျင့်တာခံရတော့..အနိုင်ကျင့်ခံရတိုင်းသူတမ်းတမိတဲ့နာမ်စားက ကိုကို...သူယောင်ရမ်းပြီးခေါ်မိတဲ့ကိုကိုဆိုတဲ့သူကဘယ်သူလဲသူသေချာမသိသလို..ဖြူသလားမဲသလားတောင်မသိ..ဒါပေမယ့်သူအနိုင်ကျင့်ခံရတိုင်း ကိုကို့ကိုတမ်းတမိလ်ို့ ပိုပြီးအလှောင်ခံရ ပ်ုပြီးအနိုင်ကျင့်ခံရသည်။

အခုတလော တစ်ခါတစ်လေ အိပ်မက်မက်သည်။အိပ်မက်ထဲမှာ ကိုကိုဆိုတဲ့သူက်ိုတွေ့နေရပေမယ့် မျက်နှာကိုသဲကွဲစွာမမြင်ရ..ကိုကိုပြောတဲ့စကားတွေလည်းမကြားရ..ကိုကိုလို့ယူဆမိလို့..ကိုကို့နောက်လိုက်ကာ.ခေါ်မိပေမယ့်..ကိုကိုက သူမဟုတ်တဲ့တခြားတစ်ယောက်ကိုပေါက်စီတွေဝယ်ကျွေးနေသည်။ထိုတစ်ယောက်ကိုသူသိသလိုလိုရှိနေပေမယ့်..ဘယ်သူဆိုတာအတိအကျမပြောနိုင်ပြန်။ထိုကောင်လေးက ပေါက်စီမကြိုက်လို့ထင်..ကိုကိုဝယ်ကျွေးတဲ့ပေါက်စီကိုလွှတ်ပြစ်တာကြောင့် သူကထိုပေါက်စီကိုသွားကောက်ပြီးစားမယ်ကြံတော့မှ ကိုကိုကသူ့လက်ထဲကပေါက်ဆီကိုယူပြီးအဝေးက်ိုလွှတ်ပြစ်လ်ိုက်ပြန်သည်။

'ကိုကို...သားပေါက်စီကြိုက်လို့ပါ..သားကိုကျွေးပါနော်..ကိုကိုနော်..'

ကိုကိုကသူပြောနေတာကိုဂရုမစိုက်..ဟိုကောင်လေးလက်ကိုဆွဲပြီးထွက်သွားတာကြောင့် သူကိုကို့နောက်ပြေးလိုက်သွားပြီးအော်ခေါ်မိသည်။

မင်းရှိမှ (Complete) Where stories live. Discover now