'သန်းလွင်...ဘာဖြစ်တာတဲ့လဲ'
'လူတွေအုံတိုးနေလို့အဲ့နားထိရောက်အောင်မသွားခဲ့ရဘူးအကိုကြီး..ရှေ့ကားကကောင်လေးပြောတာတော့..ကားချင်းတိုက်မိပြီး လင်မယား၂ယောက်လူံးဆုံးသွားတယ်ပြောတယ်'
'ဟယ်....စိတ်မကောင်းလိုက်တာ...'
'သတ္တဝါတစ်ခုကံတစ်ခုပေါ့နှင်းရာ..ဘယ်နေ့ဘယ်အချိန်မှာဘယ်လိုသေရမယ်ဆိုတာ သိနိုင်ကြတာမှမဟုတ်တာ..ဒီနေ့မှမိုးကသည်းနေတယ်..သန်းလွင်ဖြေးဖြေးမောင်းကွာ..ငါတို့လင်မယားအသက်ကမင်းလက်ထဲမှာ..'
'ဟုတ်ကဲ့အကိုကြီး'
'အကို...နှင်းတို့အပြန်နောက်ကျတော့မယ်နဲ့တူတယ်..ပြန်ကြမလား..မနက်ဖြန်မနက်မှအစောလာကြမလား'
'ရောက်ခါနီးပီကိုနှင်းရယ်..ဟိုမှာညအိပ်ကြတာပေါ့..မနက်အစောအရုဏ်ဆွမ်းကပ်ပြီးမှပြန်ကြတာပေါ့..အဆင်ပြေလား'
'အင်းပါ...အဲ့ဒါလည်းကောင်းတာပဲ..နှင်းလည်းဘုရားကြာကြာကန်တော့လို့ရတာပေါ့'
'နှင်းခဏမှိန်းလိုက်အူံး...ကိုယ်ရောက်ရင်နှိုးမယ်'
နှင်းကိုသူ့ပခုံးပေါ်မီထားစေပြီး...ခရီးသွားတိုင်းရွတ်ဆိုနေကြဂုဏ်တော်တွေကိုရွတ်ဖတ်ရင်းလိုက်လာနေရင်းး..သန်းလွင်ကရှေ့ကကားနောက်ကနေလိုက်နေတာကြောင့်
'သန်းလွင်...ရှေ့ကားကလည်းအင်းလေးသွားမယ့်ကားလား'
'ဟုတ်တယ်အကိုကြီး...လူငယ်၃ယောက်ပါတော့..မှောင်နေရင်ကျွန်တော်တို့အဖော်ရအောင်လို့ သူတိူ့နောက်ကပဲလိုက်မလားလို့'
'အေးကောင်းသားပဲ..'
....
'လူရီးး'
'ဗျ'
'ရောက်သေးဘူးလား..'
'ရောက်တော့မယ်..နည်းနည်းပဲမောင်းရတော့မှာ..ကလေးဗိုက်ဆာလို့လား'
'အင်းးး..တော်တော်ဆာနေပီ'
(ကားထဲပါသမျှမုန့်တွေလည်းကုန်ပီကို ဗိုက်ထပ်ဆာတယ်ပြောနေတဲ့ ကလေးလေး)
'များများဝယ်ထည့်ခဲ့ပါတယ်ကွာ..အခုတော့ကို့ကလေးလေးဗိုက်ဆာနေရှာပီ...'