Ep 34

21.7K 1.2K 36
                                    

'သားသား...ပြန်တော့လာမယ်မလား'

အစ်မမေသူနဲ့ဖုန်းပြောပြီးတာနဲ့ ချက်ချင်းအဝတ်အစားကောက်လဲရင်း..ဖေကြီးစကားတွေက်ိုပြန်ဖြေနေရသည်။ဖေကြီးလည်း လူရီးရောဂါအကြောင်းသိထားပီးပီမလို့...သူရန်ကုန်ဆင်းမယ့်ကိစ္စကိုမတားပေမယ့်..ပြန်မလာမှာစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့။

'ပြန်လာမှာဖေကြီး..လူရီးကိုခေါ်ပြီး..သားချက်ချင်းပြန်လာမှာ...အမေ့ကိုတော့ဖေကြီးကြည့်ပြောပေးထားအုံးနော်'

'ဖေကြီးကြည့်ပြောထားလိုက်မယ်..သားသားသာညအိပ်ချိန်ပြန်ရောက်ဖို့အရေးကြီးတာ..သားသားအမေအကြောင်းသိတယ်မလား'

ဟုတ်သည်။အမေက..ညဘက်ဆို..ဇေဇေသူ့ဘေးနားရှိမှအိပ်ပျော်တတ်တဲ့အပြင်..တခါတလေဆို..တညလုံးမအိပ်ဘဲထိူင်ကြည့်ပြီး..ဇေဇေ့ပါးပြင်ကိုဖွဖွပွတ်ကာ..ငိုရင်းတောင်းပန်နေသေးတာ..ဖေကြီးနဲ့သူနဲ့ဘယ်လိုပဲစိတ်သက်သာရာရအောင်ပြောပါစေ..အမေကအပြစ်ကြီးတစ်ခုလိုအခုထိခံစားနေတုန်း။

'ဟုတ်..သိတယ်ဖေကြီး..သားပြန်လာမှာစိတ်ချ...သား..သွားပီနော်ဖေကြီး'

သူလူရီးကိုစိတ်ပူလွန်းလို့ခပ်သုတ်သုတ်ပြေးထွက်လာခဲ့သည်။အချိန်ကြာမှာဆိုးလို့..ကားနဲ့တောင်မလာနိုင်..ပိုက်ဆံအကုန်ခံကာ..လေယာဥ်နဲ့လာခဲ့ခြင်း..ဒါမှလူရီးဆီမြန်မြန်ရောက်မှာ..မြန်မြန်ရောက်မှ...ဟန်ဆောင်ကောင်းလွန်းတဲ့ယောကျားကြီးကိုမြန်မြန်အပြစ်ပေးလို့ရမှာ...

(နောက်ကိုဟန်ဆောင်အဆင်ပြေပြအုံးမလား..ဟန်ဆောင်အဆင်ပြေပြအူံးမလား..မေးမေးပြီး...ရိုက်ပြစ်အုံးမှာ..(နှာခေါင်းနဲ့😒).ဒီကတော့...သူ့က်ိုသေအောင်လွမ်းလွန်းလို့..မတွေ့ရတဲ့တစ်ပတ်အတွင်းမစားနိုင်မသောက်နိုင်မအိပ်နိုင်..နို့တွေညှစ်ထုတ်ရတာလဲနာလှပီ..မစို့တာကြာရင်နို့ကခမ်းသွားတတ်တယ်ဆိုတာကြောင့်..မခမ်းရလေအောင်googleခေါက်ပြီးလေ့လာနေရတာကို..သူက ရင်သွေးရူးရူးပြီးဒုက္ခအဖြစ်ခံနေတယ်...အဲ့ရင်သွေးရဖို့သူကြိုးစားပေးရအုံးမှာက်ိုမေ့နေလားမသိ။သူ မကြိုးစားပေးဘဲနဲ့ဒီကလေဥဥပြီးမွေးရမှာလား..ကြိုးစားပေးဖို့အားရှိဖို့ကျန်းမာနေဖို့လိုတာမသိဘူးလား..ဒီလူရီးက..တုံးပြီဟေ့ဆို လိုက်မမီတော့)

မင်းရှိမှ (Complete) Where stories live. Discover now