"တီ တီ တီ!!!"
တစ်ဘက် ခြံတံခါးရှေ့ရောက်သည့်အခါ လျှံသောတ ကားဟွန်းကို အဆက်မပြတ် တီးလိုက်သည်။ တော်တော်နှင့် တံခါးမဖွင့်တော့
သူ့ဒေါသတွေ ဒီဂရီ တိုးလာ၏။"တီ တီ တီ တီ !!!!"
တစ်မိနစ်တောင် ကြာမှ ပွင့်လာသည့် တံခါးနောက်တွင် ထောင်ထောင်မောင်းမောင်း လူတစ်ယောက်က လက်ပိုက်လျက် သူ့လမ်းကို ပိတ်လာသည်မှာ လူမိုက်လိုလို။
"ခင်ဗျားတို့ Boss ဘယ်မှာလဲ!"
ထိုလူက နှစ်ထပ်အိမ်ရဲ့ Balcony တွင် ရပ်နေသော လူတစ်ယောက်ကို လှမ်းကြည့်တော့ ဒီခြံရဲ့ Boss ဖြစ်ပုံရသူက သူ့ကားကို ဝင်ခွင့်ပေးလိုက်ရန် လက်ဟန်ပြသည်။
"စောက်ရေး မပါတာ"
သူ အိမ်ရှေ့တည့်တည့်၌ ကားရပ်လိုက်တော့ အစောက Balcony တွင် ရှိနေခဲ့သော လူက အိမ်တံခါးမကြီးဆီသို့ လျှောက်လာ၏။ သောတ ကားတံခါးကို ကျော်ကာ လွှားခနဲ ခုန်ဆင်းပြီး ထိုလူအား ခပ်စူးစူး စိုက်ကြည့်လိုက်သည်။
"ခင်ဗျားလား...ကျွန်တော့်မြင်းကို Air gun နဲ့ ပစ်တာ"
ခြောက်ပေကျော်လောက်မည့် အရပ်အမောင်းနှင့်အသက်၃၀ခန့်အရွယ် ဝိုင်ခြံပိုင်ရှင်သည် မီးခိုးရောင်ချည်သား Pajamas အရှည်ကို ခါးကြိုးမချည်ထားသဖြင့် ခြေတစ်လှမ်း လှမ်းတိုင်း Abs တွေကို မြင်သာနေစေကာ ခြေဖမိုး ထိနေသော ဘောင်းဘီရှည်အောက်က အိမ်စီးကွင်းထိုးဖိနပ်ကတောင် Branded။
"မင်းက ဘယ်သူလဲ"
ညို့ရီရီ မျက်ဝန်းများက မျက်တောင် တစ်ဖျတ် အခတ်မှာပင် သောတ တစ်ကိုယ်လုံးကို ခြုံကြည့်နိုင်လောက်အောင် အားကောင်းကြသည်။ လက်တစ်ဖက်တွင် ကိုင်ထားသည့် ရေခဲစိမ် ဝီစကီကို တစ်ကျိုက်မော့နေရင်းတောင် သောတဆီမှ အကြည့်မလွှဲ။
"ဟိုဘက်ခြံက ဦးထက်နိုင်ရဲ့သား...ကျွန်တော့်မြင်းတွေကို စားကျက်မှာ လွှတ်ထားတုန်း ခင်ဗျားတို့ခြံဘက်က Air gun နဲ့ ပစ်လွှတ်လိုက်တယ်"
"ေဩာ်...ကိုယ့် Vineyard တွေထဲ နယ်ကျော်လာလို့ ခြောက်ရုံ ခြောက်လိုက်တာပါ"