PART [ 35 ]

9.6K 1.1K 51
                                    

John လွမ်းကို အဆောင်ရှေ့ထိ လိုက်ပို့ပြီး အိမ် ပြန်လာတော့ အိမ်ဧည့်ခန်းတွင် Documentary ကြည့်နေကြသော သူငယ်ချင်းတွေက ခေါင်းထောင်လာကြသည်။

"John"

"ဝေ့"

"သောတ အဖျားတက်နေပြီ...ဆေးခန်း မသွားချင်ဘူးချည်း ပြောနေတယ် လုပ်ဦး"

"ဆေးထိုးမှ ရမှာပေါ့"

သူတို့ ဘယ်​လောက်ပြောပြော Sofa ပေါ်မှာ ပေကပ်ပြီး လှဲနေတဲ့ သောတက ခြေဖျားလက်ဖျားတွေ အေးစက်နေပေမဲ့ နဖူးကတော့ ခြစ်ခြစ်တောက် ပူနေ၏။ ညနေက အပြင်ထွက်တော့ လေအေးမိထားသည့်အပြင် သူတို့ကလည်း ရေခဲမုန့်ပါ ကျွေးမိသေးသည် မဟုတ်လား။

"ဆေးပဲ သောက်လိုက်မယ်လေကွာ"

"မရဘူး ဟေ့ရောင်"

ဒီအတိုင်း ပြောမရလျှင် အရင်လိုပဲ သူတို့လေးယောက် သောတကို မပြီး ကားပေါ် တင်ရလိမ့်မည်။ အဲ့ဒါကို သိတဲ့ သောတကလည်း အသာလေး လစ်ပြေးဖို့ ကြံပါ၏။

"စေး...ကား အဆင်သင့် လုပ်ထားလိုက်"

"Okay"

"Isaac ခြေထောက်က မ "

"ဟေ့ရောင်တွေ!...ငါ ဆေး မထိုးချင်ဘူးလို့...လခွမ်း!"

သူတို့ ငါးယောက်ထဲမှာ လူကောင် အသေးဆုံးအား ဖမ်းမိဖို့က သိပ်မခက်ပေ။ သူတို့တွေ လျှံသောတကို ကားပေါ် စွေ့ကနဲ တင်ပြီးသည်နှင့် စိုင်းစေးကလည်း ကားကို စက်နှိုးလိုက်ပြီ ဖြစ်သည်။

"အဲ့ဆရာဝန်က အပ်အကြီးကြီးနဲ့ ထိုးတာကွ"

"ခြင်ကိုက်သလောက်ပဲ နာမှာပါ မင်းကလည်း"

ဆေးထိုးရမှာ ကြောက်၍ ကျန်းမာရေး အထူး ဂရုစိုက်လွန်းသော Isaac က အတူတူနဲ့ အနူနူကို နှစ်သိမ့်နေလိုက်သေး၏။

အနီးအနားက ဆေးခန်းကို ရောက်သည့်အခါတွင်လည်း သူတို့တွေ သောတကို မ'ကာ ဆရာဝန်ရှေ့အရောက် ပို့ရပြန်သည်။

"သောက်ဆေးပဲ ပေးပါ Doctor"

"ဆေးသောက်ရုံနဲ့ သက်သာမှာ မဟုတ်ဘူး"

ဆရာဝန်က ဆေးထိုးဖို့ အဆင်သင့်ဖြစ်နေတာတောင် လျှံသောတ တစ်ယောက် စောဒက တက်နေပါသေး၏။

Lovey DoveyWhere stories live. Discover now