သူတို့နှစ်ယောက် အဆောင် အပေါ်ထပ်ကို ရောက်တော့ ရှိန်ဇေက သူ့ကို အစွန်ဆုံးရှိ အခန်းထဲကို လက်ဆွဲဝင်သည်။ တစ်ဆောင်လုံး တိတ်ဆိတ်နေချိန်ဖြစ်ကာ ရှိန်ဇေ့ အခန်းထဲတွင်လည်း သူတို့နှစ်ယောက်ရဲ့ပြင်းရှရှ အသက်ရှူသံတွေသာ ကြီးစိုးလို့နေ၏။
ရှိန်ဇေက အခန်းတံခါးကို Lock သေချာချပြီး သူ့အား တံခါးနံရံတွင် ကျောကပ်ကာ နမ်းရှိုက်လာပြန်တော့ စိုင်းစေးလည်း တစ်ဖန် ရီဝေယစ်မူးရပြန်သည်။
နှုတ်ခမ်းတွေဆီကနေ ပခုံးနှင့်လည်တိုင်ကြား သက်ဆင်းသွားသည့် ရှိန်ဇေ့ အနမ်းတွေကြောင့် စိုင်းစေး ခြေမခိုင်ချင်သလို ဖြစ်လာသည့်အခါ ရှိန်ဇေ့လက်တစ်ဖက်က သူ့ခါးကို ပွေ့ထိန်းထားပြီး ကျန်လက်တစ်ဖက်က သူ့ရဲ့ Loose Shirt အင်္ကျီအောက်ကို လျှိုဝင်လာခဲ့၏။
"Ummm"
စိုင်းစေး နှုတ်ခမ်း ကိုက်လိုက်မိတော့ ရှိန်ဇေက သူ့နားရွက်ကို ဖွဖွလေးနမ်းပြီး ဤသို့ ပြောသည်။
"ငါ့အခန်းက အသံလုံတယ်"
ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးက အာမခံချက် ပေးပေမယ့်လည်း စိုင်းစေး စိတ်ရှိတိုင်း မညည်းရဲပေ။
"ရှိန်ဇေ...ကိုယ် မရတော့ဘူး"
သူ့ရင်ဘတ်တွေကို ပွတ်သပ်နေသည့် ရှိန်ဇေ့လက်တွေက သူဝတ်ထားသည့် Straight pant ပေါ် ရောက်လာချိန်မှာတော့ စိုင်းစေး မျက်နှာကို ရှိန်ဇေ့ ပခုံးပေါ် မှောက်ချလိုက်မိသည်။
"ငါ လက်နဲ့လုပ်ပေးမယ်"
အပြောထက် လက်ကမြန်သော ရှိန်ဇေ့ကြောင့်
"Hmmm"
Boxer ပေါ်က ခပ်ရွရွ အထိအတွေ့တွေကြားမှာ စိုင်းစေး ဒူးတွေညွတ်ခွေမတတ် ဖြစ်သွားရ၏။
"စေး...ငါ့ကို ကြည့်"
ရှက်လွန်းလို့ မျက်နှာအတင်းဝှက်ထားသော သူနှင့် အကြည့်ချင်း မဆုံ ဆုံအောင်လို့ ရှိန်ဇေက သူ့ကို အနမ်းတွေနဲ့ချော့မော့သည်။
"ရှက်နေတဲ့ မင်းရဲ့မျက်နှာကို ငါမြင်ချင်တယ်...ပြစမ်းပါ အဲဒီမျက်နှာလေးကို"