PART [ 147 ]

8K 890 126
                                    

"မနက်ဖြန်လည်း ကိုကို လာကြိုမယ်နော်"

"ဟုတ်"

လွမ်း အပြင်မှာပဲ ကိုကိုနဲ့အတူ ညစာစားပြီး အဆောင်ကို ပြန်ရောက်တော့ ညနေ ၅ နာရီ။

"ညစာ စားပြီးပြီလား သုတ"

"ခဏနေမှ စားမလို့ လွမ်း...အန်တီနန်းဦးက တုံယမ်းဟင်းရည် ကျက်အောင် စောင့်ဦးဆိုလို့"

"စားရင် ငါ့အခန်းထဲလာစားနော်...အရံဟင်းတွေရှိတယ်"

"လာခဲ့မယ်"

လွမ်း ရေချိုးခန်းဘက်မှာ ခြေလက် သွားဆေးပြီး အဝတ်လဲနေစဥ်တွင် သုတက သူ့အခန်းတံခါးကို လာခေါက်သည်။

"လွမ်း"

"ခဏလေး သုတ"

လွမ်း အဝတ်လဲပြီးမှ အခန်းတံခါး သွားဖွင့်လိုက်တော့ သုတက ထမင်းပန်းကန်နှင့်ဟင်းရည်ချိုင့်တစ်လုံးကို ဆွဲလျက် သူ့အခန်းထဲသို့ ဝင်လာ၏။

"အန်တီနန်းဦးက မင်းအတွက်ပါ ဟင်းရည် ပိုထည့်ပေးလိုက်တယ်"

"အင်း ဒီမှာထိုင်"

စားပွဲနားတွင် သုတ ထိုင်ဖို့အတွက် ခုံတစ်လုံး ဆွဲပေးလိုက်ပြီး လွမ်း ဟင်းဘူးတွေကို စားပွဲပေါ်တွင် တစ်ခုချင်း ဖွင့်လိုက်သည်။

"ဒီညတော့ ထမင်းစားမြိန်တော့မှာပဲ"

"များများစား"

လွမ်းကတော့ ညစာ စားလာပြီးသားမို့ တုံယမ်းဟင်းရည်ပဲ သောက်ဖြစ်သည်။
ပုဇွန်နှင့်အသားလုံးတွေ အများကြီးပါသည့် တုံယမ်းဟင်း ပူပူစပ်စပ်လေးက ခုလိုရာသီဥတုအေးချိန်နှင့်လိုက်ဖက်နေ၏။

"Ring Ring Ring"

လွမ်း အိမ်က ဖုန်းဝင်လာတော့ တုံယမ်းဟင်းရည် သောက်နေသည့် ဇွန်းကို လက်ထဲကချပြီး ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"သားသားရေ...သင်တန်းတက်ရတာ အဆင်ပြေလားဝေ"

"ပြေတယ် မေမေ...ပထမဆုံးရက်ကတည်းက ပျော်စရာကြီး"

"ပျော်တယ်ဆို တော်ပါသေး...အခုရော ဘာလုပ်နေလဲ"

"သုတနဲ့အတူ ညစာ စားနေတာ မေမေ"

"သုတလေး...ဟင်းတွေ စားချိုရဲ့လားလို့"

Lovey DoveyWhere stories live. Discover now