"ချည်ထိုးရတာ ထင်သလောက် မလွယ်ပါဘူးကွာ"
သျှားရင့် ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲမှ ထွက်လာတော့ လျှံသောတက သူ ဝတ်ဖို့အတွက် Pajamas တစ်စုံကို အဆင်သင့် ထုတ်ထားပေးသည်။
"ရည်းစားရှိတဲ့လူတွေကတော့ ဇွဲကြီးကြတယ်"
စိုင်းစေးနှင့်Isaac က အခုချိန်ထိ ချည်ထိုးသင်နေကြဆဲ ဖြစ်သော်လည်း သျှားရင့်နှင့်လျှံသောတကတော့ အစောကြီးကတည်းက လက်လျှော့ခဲ့ကြတာပင်။
"John လည်း မဟန်ပါဘူး"
အညိုရောင်ဖျော့ဖျော့ ညအိပ်ဝတ်စုံကိုလဲဝတ်ပြီး သျှားရင့် လေသာဆောင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်တော့ Johnက စီးကရက် သောက်နေသည်။
"အင်း...အတွေးတွေများနေပုံပဲ"
မျက်နှာက Mask ကို ခွာပြီး လျှံသောက ပြောတော့ သျှားရင့်လည်း လျှံသောတရဲ့နံဘေး၌ ဝင်ထိုင်ကာ Face Mask တစ်ထုပ်ကို ယူဖောက်လိုက်၏။
"ပေး...ငါ လုပ်ပေးမယ်"
သျှားရင့်နှင့်ဆင်တူ Pajamas အဝါရောင်ဖျော့ဖျော့ကို ဝတ်ထားသည့် လျှံသောက သျှားရင့်တို့ သူငယ်ချင်းတွေထဲမှာ အသားအရည် အကြည်လင်ဆုံးပင်။
"ငါလည်း ဆေးလိပ်ဖြတ်တော့မလို့"
သူက ပုံမှန် တစ်ပတ် တစ်ကြိမ်တောင် ဆေးလိပ်မသောက်ပေမယ့်လည်း အခုတော့ လုံးဝ မသောက်တော့ဖို့ ဆုံးဖြတ်ပြီးပြီ။
"ကောင်းတာပေါ့...Isaac လည်း မသောက်တော့ဘူးတဲ့"
လျှံသောက Face mask ကို သူ့မျက်နှာပေါ်မှာ သေချာ ကပ်ပေးလာတော့ သျှားရင့် ငြိမ်ငြိမ်လေး နေလိုက်ပါသည်။
"Lip Balm ပါလား လျှံသော"
စီးကရက်သောက်ပြီး အခန်းထဲ ဝင်လာသည့် John ကလည်း သျှားရင့်တို့နှင့်ဆင်တူ Pajamas ကိုမှ မီးခိုးရောင် ဝတ်ထား၏။
"မင်း ဆေးလိပ် သောက်လာတာဆို နှုတ်ခမ်းကို သံလွင်ဆီ အရင်လိမ်း"
John က လျှံသောတ ပေးသည့် သံလွင်ဆီဘူးကို ဖွင့်ပြီး ဂွမ်းတံလေးမှာ ဆွတ်ကာ ကိုယ့်နှုတ်ခမ်းကိုယ် ဖွဖွလေး တို့လိမ်းပါသည်။