သောကြာနေ့ ညနေခင်းမို့ John တို့ တစ်အုပ်စုလုံး လေသာဆောင်ပေါ်တွင် ထိုင်ဖြစ်ကြသည်။ တခြားသူငယ်ချင်းများက Guitar တီးသူတီး၊ စာဖတ်သူ ဖတ်ဖြင့် ရှိနေကြသော်လည်း John နှင့် Isaac တို့နှစ်ယောက်ကမူ ထုံးစံအတိုင်း ခွန်ဦးတို့ အဆောင်ဘက်ငေးလျက်။
ခွန်ဦးက အန်တီနန်းဦးကို ဆိုင်သိမ်းကူနေသဖြင့် Isaac က ခွန်ဦးရဲ့လှုပ်ရှားမှုတွေကို ငြိမ်ငြိမ်လေး လိုက်ကြည့်နေသလောက် အိေန္ဒြမရတာက နံဘေးရှိ John ဖြစ်သည်။ အကြောင်းမှာကား ကျောင်းပြန်လာကတည်းက သူ့ချာတိတ်ကို မတွေ့ရသေး၍။
"ကျွန်တော် လုပ်ကူရမလားဗျ"
"ရတယ် ညီလေး...အစ်ကိုတစ်ယောက်တည်း နိုင်ပါတယ်"
ခွန်ဦးနှင့်ချာတိတ်ရဲ့စကားပြောသံကြောင့် John နှင့် Isaac နှစ်ယောက်လုံး ခန္ဓာကိုယ်ကို မတ်လိုက်မိသည်။ အဆောင်ခန်းထဲမှ ထွက်လာသော ချာတိတ်လေးသည် Mint green colour Sweatshirt လေး ဝတ်ထားတာမို့ John အမြင်အေးသွားရပြီး တက်ကြွနေတဲ့
ကောင်လေးရဲ့ခြေလှမ်းတိုင်းကို လိုက်ကြည့်ရင်း သူပါ စိတ်လှုပ်ရှားလို့ လာ၏။"ကျောင်းပိတ်ရက် အိ်မ်ပြန်မှာပေါ့"
"ဟုတ်တယ်ဗျ"
တည်ကြည်သည့် ခွန်ဦးက သူ့အဆောင်သားတွေကိုတော့ ရည်ရည်မွန်မွန် ဆက်ဆံလေ့ရှှိပါသည်။အဆောင်သားတွေကလည်း ခွန်ဦးကိုဆို လေးစား အားကိုးပြီး ခင်တွယ်ကြ၏။ လွန်ခဲ့တဲ့ နှစ်နှစ်က Isaac တစ်ယောက် ခွန်ဦးတို့အဆောင်မှာ နေဖို့ ကြိုးစားခဲ့တာကိုပင် John အမှတ်ရသွားသည်။ အိမ်ပိုင်ကြီး ရှိလျက်နဲ့ အဆောင်နေဖို့ ရပ်ဝေးကလာတဲ့ ကျောင်းသားတွေကို ဦးစားပေးသင့်တာမဟုတ်ဘူးလား ဆိုပြီး ခွန်ဦးက လက်မခံခဲ့ချေ။
"ငါ့ကိုလည်း အဲ့ဒီ့လိုလေး တစ်ခါလောက် ပြုံးပြရင် ကောင်းမှာပဲ"
အဆောင်သားတွေနဲ့ ပြုံးပြုံးရွှင်ရွှင်ရှိနေသော ခွန်ဦးကိုကြည့်ရင်း Isaac က မချိတင်ကဲ ဆို၏။ Isaac ကို အီစီကလီ လုပ်နေတဲ့ အလှပဂေးတွေ ဒုနှင့်ဒေး ရှိသော်လည်း Isaac က ခွန်ဦးကလွှဲ ဖွဲနှင့်ဆန်ကွဲ ဖြစ်နေခြင်း။ ခွန်ဦးက နားလည်ရခက်သည့် လူမျိုးတော့ မဟုတ်ပေ။ သို့သည့်တိုင် Isaac ကို ပြန်ကြိုက်လာမည့် အလားအလာ ရှိ မရှိကို သူတို့ မခန့်မှန်းနိုင်ချေ။ Isaac နှင့် စာလျှင် သူက မျှော်လင့်ချက်ရှိသေးသည်ဟု John ထင်ခဲ့သည်။