အပိုင်း(၁)

13.4K 340 13
                                    

Unicode
-----------

Rajamangala stadium ...

ကွင်းပတ်ပတ်လည်မှပွဲကြည့်စင်​ပေါ်​တွင်
ပရိတ်သတ်များကနေရာလပ်မကျန်သလောက်
အပြည့်ဖြစ်သည်။တိုင်းတစ်ပါးတွင်လာ​ရောက်
ယှဥ်ပြိုင်ကစားရ​သော်လည်း မြန်မာပရိတ်သတ်များကလည်း ထိုင်းလူမျိုးများထက်မလျော့။မျိုးချစ်စိတ် ဆိုသည်မှာလည်းအမိမြေပေါ်မှာမဟုတ်ရင်ပိုလို့တက်ကြွသည်လား​တော့
မ​ပြောတတ်။ထိုင်း​ရောက်မြန်မာများ၏​အော်ဟစ်
အား​ပေးသံများကတော့တစ်ကွင်းလုံးဖုံးမတတ်ဖြစ်နေ
တော့သည်။

ထိုလူအုပ်များကြားတွင် သူ့လို တကူးတကလိုက်ပါ
အား​ပေးကြသူများကိုပါ​တွေ့​ရသည်။
မလိုက်ချင်လိုက်ချင်နှင့်အတင်းချောဆွဲခေါ်လာရသော သူ၏ သူငယ်ချင်းမပင် ဘောလုံးပွဲထဲ မျောပါရင်း
အသံကုန်အော်ဟစ်နေတော့သည်။
ကွင်းထဲသူပဲဝင်ကန်တော့မလားထင်ရသည်။

သူ့အာရုံများကတော့ ကွင်းထဲမှ တစ်ဦးတည်းသောထံတွင်သာ။ ကင်မရာမှန်ဘီလူးတွင်မြင်နေရသော ချွေးတရွှဲရွှဲနှင့် ပုံရိပ်လေးကိုသာ မလွတ်တမ်းမှတ်တမ်းတင်ရင်း ခြေထောက်ကြားမှကျွမ်းကျင်စွာသယ်ယူနေသော ဘောလုံးကိုပါလိုက်ကြည့်နေရသည်။ နောက်ဆုံးမိနစ်ကုန်ဆုံးတော့မည်ဖြစ်သောကြောင့်ပင်။သရေပွဲနှင့်တော့အဆုံးမသတ်စေချင်ပါ။
နောက်ဆုံး ဂိုးလ်ကို ထိုကျောနံပါတ် 14 မှ အရယူ‌မည်ဆိုတာ အတတ်ခံစားမိပေမယ့်လည်းပေါ့လေ။

အသင်းယူနီဖောင်းက သူ၏ရှည်လျားပိန်သွယ်သော
ကိုယ်ပေါ်တွင် ချွေးစက်များနှင့်အတူ လိုက်ဖက်စွာ။
ဘောလုံးကိုကာကွယ်နေသော ခြေတံရှည်များနှင့်အပြိုင်
စူးရဲနေသောမျက်ဝန်းများက တစ်ဖက်လူကိုလည်းလှည့်စားတတ်ပါသေးသည်။ ထိုသူသည် ဆုတောင်းကောင်းခဲ့ပုံရသည်။‌နေပူပူတွင်ပြေးလွှားနေရသော်လည်း ဝါဝင်းသောအသားရေမှာကြည်လင်နေဆဲပင်။

"ဂိုးလ်........"

"မင်းမြတ်စေရာ......."

"မြန်မာကွ...မြန်မာ"

ချပ်*

ကြေညာနေသော အနောင်စာ၏ အသံပင်ဖုံးသွားသော အော်သံများနှင့်အတူ သူ၏ကင်မရာမီးကတစ်ဖျက်ဖျက်။
ဒါက သူ လေးစားဂုဏ်ယူရကြောင်းပြသော ကွင်းထဲကလူ
မသိသည့် ဂုဏ်ပြုသံပင် ။

Just-14 [Completed]Where stories live. Discover now