အပိုင်း(၁၄)

2.7K 185 4
                                    

Unicode
------------

"ကိုယ့် Fansite Admin ကမင်းမလား"

ထိုသူရောက်လာကတည်းက အဲ့ကိစ္စမေးချင်တာမှန်း
ထင်ထားပြီးသားပေမယ့် မထင်မှတ်ထားတာတွေ
လာလုပ်ပြီးမှ ထိုစကားထမေးသောကြောင့် ရတု
ကြောင်အသွားရသည်။

"ခင်ဗျား...."

ညီရတုက နီရဲနေတဲ့မျက်လုံးတွေနဲ့ မင်းမြတ်ကို
မော့ကြည့်လာသည်။

ဒါဆိုသူက သူ့ကိုကြိုက်နေတဲ့ကောင် မလို့
အကဲစမ်းတဲ့အနေနဲ့လာနမ်းတာပေါ့ ဟား....။
ရန်ခုန်ခဲ့ရတဲ့ ကိုယ်ကပဲစောက်ရူးဖြစ်နေခဲ့ပုံပဲ ။

"မဟုတ်...ရတု ကိုယ်..."

မင်းမြတ်စေရာ ရှင်းပြခွင့်တောင်မရလိုက် ရတုက
ပြန်တော့ ဟုဆိုကာ သူ့ကိုတွန်းလွှတ်လာပြီး ခြံထဲကို
ဝင်သွားတော့သည်။

ညီရတုက အထင်လွဲသွားပြီမှန်းသူသိလိုက်သည်။ရုတ်တရက် နမ်းမိသွားတာက မှန်ပေမယ့်
သူ့ဖန်ဖြစ်နေတာကြောင့် မဟုတ်တာတော့သေချာသည်။

သူဒီကိုလာခဲ့တာကလည်း သူညီရတုကို
သဘောကျနေမိပြီဆိုသေချာအတည်ပြုချင်ခဲ့မိလို့။
ဒါပေမယ့် ဒီစောက်သုံးမကျတဲ့ကောင်က
စောက်တလွဲတွေသာ လုပ်ချသည်။

မင်းမြတ်ဖုန်းတွေအထပ်ထပ်ခေါ်ပေမယ့် မကိုင်ခဲ့သော
ဖုန်းကနောက်ဆုံးမှာတော့ စက်ပါပိတ်လို့သွားသည်။

ထိုခြံရှေ့မှာ အချိန်ကြာကြီးရပ်နေခဲ့ပေမယ့် အထင်လွဲ
သွားသောကောင်လေးကသူ့ကိုအဖက်မလုပ်တော့‌ပါ။

မူးနေတာတွေတောင် ဘယ်အရပ်ဆီရောက်သွားမှန်း
မသိတော့ သူ့တစ်ကိုယ်လုံးပူထူနေတော့သည်။

သေလိုက်ပါတော့ မင်းမြတ်ရာ !

*****

"အဲ့တော့မင်းကအဲ့ကောင်လေးကိုကြိုက်နေတာပေါ့"

ကောင်းဆက်ကသူ့စကားကြောင့်အလန့်တကြား
ထမေးလာသည်။

မျိုးသက်နောင်ကတော့ ဘာမှမမေးနိုင် သောက်လက်စ
ကိုလာတွေ ထသီးကုန်ပြီး မျက်နှာတစ်ခုလုံးပေါက်ထွက်မတတ်နီရဲလာသည်။

"မဟုတ်ဖူး...ချစ်မိနေတာထင်တယ်"

မင်းမြတ်က မျိူးသက်နောင်ရဲ့ကျောကုန်းကို
တဗုန်းဗုန်းထုပေးရင်း အေးအေးဆေးဆေးဖြေလာတော့

Just-14 [Completed]Where stories live. Discover now