အပိုင်း(၁၁)

2.8K 189 2
                                    

Unicode
------------

အဆင့်မြင့်ဗီလာတစ်ခု၏ luxury bedroom တွင်
အိပ်မောကျနေသော အမျိုးသားတစ်ယောက်ရဲ့ မျက်ခုံးတန်းတန်းတို့သည် အဆက်မပြတ်မြည်နေသော ဖုန်းသံကြောင့် တွန့်ချိုးလာကြသည်။ မကြားချင်ယောင်ဆောင်လျစ်လျူရှုကာ ကျောပေးအိပ်ပေမယ့်မရ။ကိုင်သူမရှိမချင်း
ခေါ်နေမှာဖြစ်ကြောင်း သီးသန့်ထားထားသော ringtone
သံကြောင့် အတပ်သိနေခြင်း။

မနေ့ကဉာဉ့်နက်မှအိပ်ယာဝင်သောကြောင့် ကျိန်းစပ်နေသော မျက်လုံးတို့ကတော်တော်နှင့်ဖွင့်မရ။ရှုပ်ပွနေသော
ဆံပင်တို့ကို တစ်ချက်ဖွလိုက်ရင်း မျက်လုံးပိတ်လျက်သား
ဖြင့် အိပ်ယာထဲမှာပျောက်နေသောဖုန်းကို လက်တစ်ဖက်ဖြင့် လိုက်စမ်းရသေးသည်။

"ဟဲလို.....ပါး"

ဖုန်းလက်ခံကာဖြေလိုက်ပေမယ့် လင်းဩတည်ရဲ့အသံတို့က
အိပ်ချင်မူးတူး။မူးမူးနဲ့ လဲဝတ်ထားသည့် ညဝတ်အင်္ကျီက ရင်ဘက်အလယ်ထိ ကြယ်သီးကိုဖြစ်သလိုတပ်ထားသောကြောင့် ရင်ဘက်ရှိကြွက်သားထင်းထင်းတို့က
ဟိုဟိုဒီဒီ လစ်ဟပြနေသယောင်။

"မင်း မနေ့ ညနေက ပြန်ရောက်တယ်ဆို။
ကွန်ဒိုမှာလည်းမရှိဘူးတဲ့ ဘယ်မှာနေနေတာလဲ
ဟေ့ကောင်"

ဖုန်းတစ်ဖက်မှ ပါးပါးအသံကြောင့် ဖုန်းကိုနား အနားမှ
ခပ်ခွာခွာထားလိုက်ကာ စဉ်းစားခန်းဝင်ရသေးသည်။
သေချာတာက ညကသူမူးပြီးအိပ်ပျော်သွားတာပင်ဖြစ်မည်။
လင်းဩတည်ရဲ့ အားနည်းချက်က သောက်နိုင်သလောက်
မနက်လင်းရင် ညကအဖြစ်အပျက်တွေကို နေ့တစ်ဝက်လောက်စဉ်းစားရတာဖြစ်သည်။အခုလည်း ည (၇)နာရီလောက်က နိုင်ငံခြားမှပြန်ရောက်ပြီး အရေးကြီးသည့်အလုပ်ပါတနာတစ်ယောက်ကစကားပြောရန် ကလပ်တစ်ခုမှာချိန်းသည်မို့ မဖြစ်မနေသွားရကာ အလုပ်ကိစ္စဆွေးနွေးကြသည်ထိမှတ်မိပေမယ့် နောက်ပိုင်း သောက်ကြတဲ့အထိကျခပ်ရေးရေး။

"ကျွန်တော်အခု ‌ကျွန်‌တော့်ဗီလာအသစ်မှာ ပါး"

လင်းဩတည်က အမြဲတမ်းဆို ပါးရှိတဲ့ အိမ်ကိုပြန်ပေမယ့်
မား အမွေဖြစ်သည့် သူ့ကွန်ဒိုမှာပဲအနေများသည်။ဗီလာအသစ်က သူလုပ်ငန်းခွင်ထဲခြေချမှ သူရှာတဲ့ငွေနဲ့ ဝယ်ထားတာဖြစ်ပြီး ဒီတိုင်း ဝယ်ထားရုံသာ တစ်ယောက်တည်းဆိုတော့ မနေဖြစ်။

Just-14 [Completed]Where stories live. Discover now