အပိုင်း(၁၂)

2.8K 201 6
                                    

Unicode
------------

Final ပွဲစဉ်ဖြစ်သည့်အလျှောက် ကွင်းတစ်ကွင်း
လုံးမှာ ပရိတ်သတ်တို့ကအပြည့်ဖြစ်နေသည်။
မြန်မာအလံကိုယ်စီနှင့် ပရိတ်သတ်တို့က
ပါးပေါ်မှာလည်း ဆေးတွေခြယ်ထားကြပါသေးသည်။
လက်ထဲတွင်ရှိသော လေဖောင်းတုတ်သံတို့ကလည်း အပြိုင်အဆိုင်။အားကစားသမားတွေကိုမြင်ကတည်းက  အော်ဟစ်အားပေးနေကြသည်။

သို့ပေမယ့် ယခုထိုင်နေသောထိုင်ခုံကို တစ်ခြားသူထံမှ
သုံးဆလောက်ဈေးကြီးကြီးပေးဝယ်ကာထိုင်နေသော
ညီရတုဘေးမှတစ်ယောက်ကတော့ခပ်တည်တည်ပဲဖြစ်သည်။စီးပွားရေးအရလာသည်ဆိုလည်း ဒီပွဲအတွက်
စပွန်ဆာပေးထားသည့် လုပ်ငန်းရှင်တွေအတွက်ပေးထားသည့်နေရာမှာပဲထိုင်လိုက်တာမဟုတ်။ညီရတုဘေးမှထိုင်ခုံကို မရရအောင်ဝယ်ပြီး လိုက်ထိုင်သည်။တစ်ခါတစ်ခါကျ
ဒီစီနီယာကတစ်မျိုးတော့တစ်မျိုးလို့ ရတုလည်းထင်မိပါသည်။

"အခု မင်းဘယ်လိုလုပ်မှာလဲ"

သူ့နားနားလေးကပ်တိုးတိုးပြောလာသည့် ကူးကူးစကားကြောင့် ရတုလည်းစဉ်းစားရကျပ်နေသည်။ဘေးမှာ ကိုလင်းပါနေတာကြောင့် ကင်မရာကြီးထုတ်ကာ ရိုက်ဖို့ကလည်း အဆင်မပြေတော့။ တစ်ကယ်ပဲ ဒီပွဲကိုလက်လွှတ်
လိုက်ရတော့မည် ထင်ပါသည်။အစကတော့ ကွင်းထဲမှာကစားနေတဲ့ မင်းမြတ်မမြင်အောင်လုပ်ဖို့ကလွယ်သည်ဟု
ထင်ထားပေမယ့် ဘေးမှာလာထိုင်နေတဲ့ တစ်ယောက်ကြောင့် မဖြစ်နိုင်တော့ပါ။ညီရတု တစ်ကယ်ဘူနေပြီ။
"မသိတော့ဘူးကွာ"ဟုသာ ညည်းညူနေရသည်။

"ငါနဲ့နေရာလဲမလား"

"ထားလိုက်ပါတော့ကွာ...မထူးပါဘူး"

တတိုးတိုးနှင့်ပြောနေသော သူတို့နှစ်ယောက်ကို
လင်းဩတည်မှသတိထားမိသွားကာမေးလာသည်။

"ရတု..ဘာဖြစ်လို့လဲ"

"အာ..ဘာမှမဖြစ်ပါဘူး ဒီကောင် toilet သွားဖို့
အဖော်ခေါ်နေတာ"

ကူးကူးကလည်း "ဟုတ်တယ် ဟီး" ဆိုပြီးသွားဖြီး
ပြလိုက်သေးသည်။

"သွားမနေနဲ့တော့ စနေပြီ"

ရတုလည်း ဘောလုံးပွဲစတာနှင့်ချော်လဲရောထိုင်
ထပ်ပြောလိုက်သေးသည်။ဘောလုံးပွဲက တစ်ကယ်
စနေပြီဖြစ်သည်။ခဏလေးအတွင်းမှာပင်
ရှေ့တန်းမှာရှိနေတဲ့လူရဲ့ ခြေထောက်ထဲကနေ
ဘောလုံးက ရှေ့ကိုသယ်ယူခြင်း‌ခံနေရသည်။
တစ်သင်းလုံးတူညီဝတ်စုံဝတ်ထားပေမယ့်
သူ့ရဲ့ ကျောနံပါတ် ၁၄ သာလျှင် သူမျက်လုံးထဲမှာထင်းလင်းနေသည်။ကွင်းထဲကလူက ပွဲမစခင် ဖုန်းဆက်လာခဲ့သေးသည်။အခုဘယ်မှာလည်း ဘာညာနဲ့။
သူသာ မလာခဲ့ရင် တစ်ကယ်ပဲကွင်းထဲ မဝင်ဖို့စိတ်ကူး
ထားတာလားတော့မသိ။ ရောက်နေပြီပြောလည်းမယုံသင်္ကာလုပ်နေသေးသည်မို့ဘောလုံးကွင်းကိုနောက်ခံထားပြီး ဓာတ်ပုံရိုက်ကာ အိုင်ဂျီစတိုရီတင်ပေးလိုက်မှ
ငြိမ်သွားသည်။တစ်ခါတစ်ခါကို မဟုတ် အမြဲတမ်း
မင်းမြတ်စေရာက အဲ့လိုပါဆို။

Just-14 [Completed]Where stories live. Discover now