အပိုင်း(၂၂) The Last Ep:

4.2K 169 4
                                    

Unicode

Final

အပြာနုရောင်တစ်ထပ်ခွဲတိုက်ကလေးရဲ့ ခြံရှေ့မှာ
ကူးကူးတစ်ယောက်ထဲယောင်လည်ယောင်လည်နဲ့
ခြေလေးဆောင့်လိုက်၊ဝင်သွားမယ်ပြင်ပြီးခါမှ နောက်
ပြန်ဆုတ်လိုက်လုပ်နေတာ ဆယ့်ငါးမိနစ်ခန့်ပင်ရှိတော့မည်။

ကိုကြီးထံဖုန်းလှမ်းဆက်လိုက်ရင်ကောင်းမလား။
အဲ့လိုလည်းမဖြစ်သေးပါဘူး။ပထမဆုံးအကြိမ်
ကတည်းကကိုကြီး မေမေကတစ်မျိုးမြင်သွားရင်
ဆုံးရှုံးစရာတွေများမှာသူမလား။

ဒီနေ့ကိုကြီးက သူ့မေမေနဲ့မိတ်ဆက်ပေးချင်တယ်‌‌ဆိုပြီး
တောင်းဆိုထားတာဖြစ်သည်။ကိုကြီးကသူလာခေါ်မယ်
ပြောပေမယ့် ကိုကြီးကိုအလုပ်မပိုစေချင်။တစ်ကယ်က
ယောက္ခမလောင်းရှေ့မှာ အမှတ်ပိုလိုချင်တာပေါ့နော်။
အဲ့ဒါကြောင့် တစ်ယောက်ထဲရောက်လာရခြင်း။

ဒီတိုင်းပဲ ကိုယ့်ဘာသာအားတင်းပြီးဝင်သွားတာပေါ့။
ကိုကြီးလည်းရှိမှာဥစ္စာ မကြောက်နဲ့ ကူးသက်ဇော်။

ကူးကူး ကိုယ့်ဘာသာအားတင်းရင်း ဖွင့်ထားပြီးသား
ဖြစ်သော သံတံခါးကိုအသာတွန်းကာဝင်သွားလိုက်သည်။
ကိုကြီးတို့ကသားအမိနှစ်ယောက်ထဲသာမို့ အိမ်ကလေး
ကိုအရမ်းကြီး,ကြီးနေအောင်မဆောက်ပဲ ရှေ့ခြံမျက်နှာစာ
ကို ပိုပြီးခပ်ကျယ်ကျယ်လေးယူထားသည်။

တံခါးပေါက်ဘေးကနေတစ်လျှောက် ဇွန်ပန်းချုံကြီးက
နှစ်ခြုံကနေရာယူထားသည်။ထိုပန်းချုံကြီးကိုကျော်တော့
ကြက်သွေးနီရောင်ရှပ်ဖြင့်ကိုကြီးရဲ့နောက်ကျောပြင်ကို
တွေ့လိုက်ရသည်။ကိုကြီးက‌တစ်ယောက်ထဲတော့မဟုတ်။
ရှပ်အင်္ကျီလက်ကိုတံတောင်ဆစ်နားထိခေါက်ဝတ်ထား
သောအကြောစိမ်းများကိုမြင်နေရသော ကိုကြီးရဲ့လက်မောင်းတစ်ဖက်ကအမျိုးသမီးတစ်ယောက်၏ ခါးကျင်ကျင်ကိုဖက်တွယ်ထားလျက်။ထိုအမျိုးသမီးရဲ့ ခန္ဓာ‌ကိုယ် အပေါ်တစ်ခြမ်းကလည်းကိုကြီးရင်ဘက်ကိုမှီတွယ် ထားသောကြောင့် ဆံနွယ်ရှည်များကယိမ်းနေသည်။

Just-14 [Completed]Where stories live. Discover now