အပိုင်း(၃)

3K 204 13
                                    

Unicode
------------

မိုးအကုန်ဆောင်းအကူးဖြစ်၍ အေးမြမြလေးဖြင့်
အလွန့်အလွန်သာယာသောမနက်ခင်းလေးဖြစ်သည်။
ကောင်းကင်ကြီးကလည်း ကြည်လင်နေကာ ကြည့်လေရာ
သစ်ပင်ကြီးများကလည်း စိမ်းလန်းနေကြသည်။
ရတုက ထိုသို့သာ‌ယာသော မနက်ခင်းတိုင်း ရပ်ကွက်
တစ်ပတ် ပြေးနေကြဖြစ်သည်။လေလေးက အေးမြမြလေးဖြစ်နေတာကိုသူကြိုက်သည်။

ရတုသည် လတ်ဆတ်သောလေကို တစ်ဝကြီးရှူရှိုက်ရင်းပြေးခြင်းကိုအဆုံးသတ်လိုက်သည်။သူ့နှုတ်ခမ်းလေးတွေကတော့ သေချာပေါက်ပြုံးရောင်သန်းလို့ဖြစ်သည်။

ရတုအိမ်ကိုပြန်ရောက်တော့ မေမေက ထမင်းစားခန်း
ထဲတွင် မနက်စာပြင်နေသည်ကိုတွေ့ရသည်။ပြေးပြီး
ပြန်လာတဲ့ ရတုက ချွေးတွေနဲ့ပေမယ့် မေမေကတော့
မနက်စော‌စောအိပ်ယာထပြီး ကိုယ်လက်သန့်စင်ပြီးလျှင်  သနပ်ခါးမှုန်နေအောင်လိမ်းရမှကျေနပ်သူဖြစ်တာကြောင့်
အနားကပ်လိုက်သည်နှင့် သနပ်ခါးရနံ့တို့က သင်းနေ၏။

ဘေးနားလာရပ်ကာ စပ်စုနေသော ရတု‌ကိုပြုံးပြပြီး
နန်းကြီးသုပ်နှင့် တွဲစားဖို့ကို ပြင်နေသည်။

"သား..ပြန်‌လာပြီလား။ ပြီးရင်မနက်စာလာစားနော်
မေမေ သားအတွက် နန်းကြီးသုပ်ထားပေးမယ်"

"ဟုတ်ကဲ့ မေမေ။ သားရေချိုးပြီးဆင်းလာခဲ့မယ်"

ရတု မေမေ့ကိုပြောပြီး သူ့အခန်းရှိရာအပေါ်ထပ်သို့
တက်ခဲ့လိုက်သည်။သူတို့က သားအမိနှစ်ယောက်တည်း
ရှိတော့တာဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့သောမေမေက နောက်အိမ်ထောင်မပြုဘဲ သူ့ကိုတစ်ယောက်တည်းပြုစုပျိုးထောင်ရင်း ဖေဖေ့ကုမ္ပဏီကိုလည်း ဦးစီးနိုင်ခဲ့သည်။တစ်ချိန်ချိန်မှာတော့ သူလက်လွှဲ
ယူနိုင်‌အောင် အခုထဲက ကြိုးစားရမည်ဖြစ်သည်။

အဲ့အချိန်တွေရောက်လာခဲ့ရင်တော့ အခုလိုမျိုး
‌မင်းမြတ်စေရာနောက်ကို လိုက်နိုင်မှာမဟုတ်တော့ပြီ။

ရတုသက်ပြင်းသာချမိပါသည်။

အဲ့လူလည်း အဲ့အချိန်ကျဘောလုံးမကန်တော့ရင်
ကောင်းမည်ဟုပါတွေးချင်လာသည်။ ထိုသို့ဆိုလျှင်လည်း အဲ့လူကို သူမြင်တွေ့ခွင့်ရတော့မည်မဟုတ်။

Just-14 [Completed]Where stories live. Discover now