အပိုင်း(၄)

3K 188 5
                                    

Unicode
-----------

Ring...Ring..Ring....

ညနေဘက် training ပြီးတော့ အားကစားဝတ်စုံလဲရန်
Locker ရှေ့မှာ အဝတ်ချွတ်နေစဉ် ဖုန်းဝင်လာတာ
ကြောင့် screen ကိုကြည့်လိုက်တော့ ဟန်နီဘုန်းချို။

"ဟဲလို!"

"စေ့...ဟန်နီဖုန်းခေါ်နေတာကြာပြီကော"

မင်းမြတ်‌ ဖုန်း‌ကိုင်လိုက်သည်နှင့် ဟန်နီဘုန်းချိုထံမှ
ငြူစူစူအသံက တစ်ဆက်တည်း ကြားလိုက်ရပြီးသားဖြစ်သည်။ ဟန်နီဘုန်းချိုက မင်းမြတ်နှင့်ငယ်ပေါင်းကြီးဖော်ဖြစ်ပြီး အိမ်ကမေမေရဲ့ ချွေးမနေရာနံပါတ်တစ်ဖြစ်သည်။ သူမက ဝင်းလဲ့နေအောင်လှသလို သွက်သွက်လက်လက် ထက်ထက်မြတ်မြတ် နှင့်ဖြစ်သည်မို့
မင်းမြတ်စေရာကလည်း အထူးတလည်ငြင်း‌နေစရာမရှိပေ။
လွယ်လွယ်ပြောရမည်ဆိုလျှင် ရည်းစားမကျ သူငယ်ချင်းမကသော ဆက်ဆံရေးမျိုး။

"ဆောရီး..ကိုယ်ကအခုမှထရိန်နင်ပြီးလို့..မသိလိုက်တာ"

"ထားပါတော့...Night out ရအောင်..
အားအောင်လုပ်ပြီး လာခေါ်နော်.."

မင်းမြတ်ရဲ့ အဖြေစကားအဆုံး တစ်ထစ်လျှော့သွားသော
အသံလေးဖြင့် ချွဲသလိုလိုနှင့် အပိုင်ပြောသွားတာ။
ဟန်နီဘုန်းချိုဆိုတာ အဲ့လိုမျိုးပဲ။သူမရဲ့ မှိုလိုပေါလှသော
ရည်းစားတွေနဲ့ ပတ်ရှုပ်ပြီးသွားရင် မင်းမြတ်ဆီရောက်လာ
စမြဲ။ မင်းမြတ်ကလည်း ထိုအရာတွေကို မကြိုက်။
သူမ ဘာသာ နေချင်သလိုနေတာက ကိစ္စမရှိပေမယ့်
ကိုယ့် ကို ဒီလိုမျိုး သူ့လက်ခုပ်ထဲက ရေလို သဘောထား
နေတာကို သဘောမတွေ့တာဖြစ်သည်။

"သူငယ်ချင်းတွေရောပါတယ်မလား...သူတို့နဲ့ပဲသွား‌လိုက်လေ"

မင်းမြတ်က အဝတ်အစားလဲရန်အတွက် ဖုန်းကို ဖွင့်ထားသော lockerထဲတွင် ပစ်ချရင်း speaker ပါဖွင့်
ထားလိုက်သည်။

ပြီးမှ....

"ကိုယ်ပါရင်ကန့်လန့်ဖြစ်နေမယ်"

တဝူးတဝါးဝါး ငြင်းခုန်ရင်းဝင်လာကြသော မျိုးသက်နောင်နှင့် ကောင်းဆက်သည် ကိုယ့်ပါးစပ်ကိုပိတ်ကာ စပ်စုရန်
မင်းမြတ်ဘေးနား အလျင်အမြန်ပင် ရောက်လာကြသည်။
‌စပ်စုတတ်တဲ့ ယောက်ျားလေးတွေထဲမှာ ဒီနှစ်ကောင်
အစပ်စုဆုံးဖြစ်ရမည်။

Just-14 [Completed]Where stories live. Discover now