အပိုင်း(၁၉)

2.6K 167 0
                                    

Unicode
------------

ချစ်ဒေါ်လေးရဲ့ ကျေးဇူးတော်ကြောင့် ကူးကူးတစ်ယောက်
blind date လုပ်ရန် cafeဆိုင်တစ်ခုမှာရောက်
နေရသည်။မသွားချင်ဘူးဟုလည်း ငြင်း၍မရ။
ရာဇသံကမွေးမေထက်အာဏာပြင်းတဲ့ မွေးမေရဲ့အမ‌
ပေးတာဖြစ်‌နေ၏။

သူများတကာတွေကို ပတ်အောင်သွယ်လို့ဝတော့
အရွယ်ရောက်လာတဲ့ အိမ်ကသူတို့အမြွှာကိုပစ်မှတ်ထား
လိုက်တာပဲဖြစ်ရမယ်။

သူကျအပျိုကြီးလုပ်နေပြီး သူများတွေကို
လိုက်အတင်းပေးစားနေတာ‌လေ။နောက်ဘဝအတွက်
များကြိုပြီး ယတြာချေနေသလားတောင်မှတ်ရတယ်။

သူ့အမလည်း မသွားမဖြစ်အတင်းသွားရပြီး
အခုအခြေအနေဘယ်လိုရှိနေပြီလဲမပြောတတ်။
တစ်ဖက်လူအစား‌တော့အတော်လေး ရင်လေးမိပါသည်။

ဟူး....

သူကတော့ ပေါ်မလာသေးတဲ့ ဇွတ်ဖူးစာဖက်ကို
စောင့်နေဆဲဖြစ်သည်။တစ်ဖက်မိန်းက‌လေးက
ဓာတ်ပုံထဲမှာတော်တော်လေးလှပြီးချစ်စရာကောင်းပေမယ့် သူမှစိတ်မဝင်စားပဲ။သူစိတ်ဝင်စားတာက...

ထားပါ..အပြင်မှာလှလှမလှလှ သူနဲ့မသက်ဆိုင်သည်မို့ လက်တေးတစ်ခွက်နှင့် စတော်ဘယ်ရီချိစ်ကိတ်တစ်လုံးမှာကာ ဖုန်းသုံးရင်းအေးဆေးသာစောင့်နေလိုက်သည်။

ဆိုင်အတွင်း စားသုံးသူက သူအပါအဝင်
နောက်ထပ်ဝိုင်းမှ အတွဲဖြစ်ဟန်တူသော နှစ်ယောက်နှင့်
သုံးယောက်သာ ရှိသည်မို့ အမှာကခဏလေးအတွင်း
ရောက်လာသည်။

/စီးပွားရေးမကောင်းလိုက်တဲ့ဆိုင် !
အရသာရောကောင်းရဲ့လား ဟွန်း/

မှာထားတဲ့ လက်တေးနဲ့ချိစ်ကိတ်ပါဟူ‌သော
ခပ်တိုးတိုးအသံကြောင့် သုံးလက်စဖုန်းကို
အောက်ချကာ ကူပြီး သယ်ချပေးလိုက်ကာ
ကျေးဇူးတင်တဲ့ အနေနဲ့ ပြုံးပြလိုက်တော့
ပြန်လည် ပြုံးပြလာတဲ့ မျက်နှာနုနုလေးက
ချစ်စဖွယ်ရယ်။ အေပရွန် နို့နှစ်ရောင်လေးဝတ်ထားတဲ့
ခန္ဓာကိုယ်လေးကလည်းသေးသေးလေးရယ်။

/အသက်ကောပြည့်ပြီလား ဒီကောင်လေး/

ကလေးတွေကိုခိုင်းစားနေသော ဆိုင်ရှင်ကို
စိတ်ထဲမှ ကြိမ်းမောင်းလိုက်ကာ ရှိမနေသော
ထိုဆိုင်ရှင်ကို စိတ်ကူးနဲ့ မျက်စောင်းပါ
လှမ်းထိုးလိုက်သေးသည်။

Just-14 [Completed]Where stories live. Discover now