အပိုင်း(၁၅)

2.8K 181 1
                                    

Unicode
------------

စီးပွားမေဂျာအဆောက်အုံရှေ့တွင် လူငယ်သုံးဦးမျက်နှာချင်းဆိုင်မတ်တပ်ရပ်လျက်ရှိသည်။တစ်ကယ်
ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အကြည့်နဲ့
စကားပြောနေတာက နှစ်ယောက်တည်း။ကျန်တစ်ယောက်
ကတော့ ထိုနှစ်ယောက်ကိုသာ နားမလည်ဟန်ကြည့်နေရှာ
သည်။

အမှန်စင်စစ်သက်ဇော်အမြွှာနှင့်မျိုးသက်နောင်သာဖြစ်သည်။

"အဟမ်း!ညီလေး...သွားမယ်လေ"

ကြာတော့ မနေတတ်တော့သော မျိုးသက်နောင်ကပဲ
အရင်ဆုံးခေါ်ရတော့သည်။ထိုမှသာ ကူးကူးကသူ့ဘက်လှည့်
လာကာ ပြုံးပြလိုက်ပြီး ဆုသီကိုမကြည့်ပဲပြောလာသည်။

"ဟုတ်!ကိုကြီးမျိုးသက်နောင်...။
အမ ကြားတယ်နော် နင်လည်းသွားတော့"

"ငါကဘယ်သွားရမှာလဲ...ဘယ်မှသွားစရာမရှိဘူး"

ဆုသီသက်ဇော်ကသေချာပေါက်လိုက်မည့်ဟန်ဖြင့်
ပုခုံးပေါ်ကအိတ်ကိုင်းကိုသေချာပြင်လိုက်သေးသည်။

"အမ!မနေ့ကဟိုတိုက်ကထုတ်တဲ့စာအုပ်ဝယ်ပေးမယ်"

ကူးကူးက အနားနားကပ်ကာ အသံခပ်ကြိတ်ကြိတ်နှင့်
မြှူဆွယ်သည်။ဒါမျိုးဆိုနှစ်ခါစဉ်းစားစရာမလို။
ဒီလအတွက် မုန့်ဖိုးက ထွက်သမျှအကုန်ဝယ်နေတာနှင့်
ကုန်တော့မှာဖြစ်သည်။ထပ်ဝယ်ဖို့ဆိုတာမဖြစ်နိုင်တော့။

ထို့ကြောင့် ဟန်ကိုယ့်ဖို့ထားကာ မျက်နှာလုံးလုံး‌လေးကို
ခုနကထက်ပိုတင်းထားလိုက်ပြီး

"ဒီမှာ..ငါပြောထားလိုက်မယ်နော်။
လက်တွေ့က fiction တွေနဲ့မတူဘူးဆိုတာခေါင်းထဲ
ထည့်ထား။အပျော်ကစားရုံပဲဆိုရင် ဒီမှာပဲရပ်လိုက်"

သူ့ကို ဘေးထားကာ မကြားအောင်
ခပ်တိုးတိုးပြောနေကြပေမယ့် အခြေနေသိပ်မကောင်း
ဘူးဆိုတာတော့ ဂျိုကြည့်ကြည့်နေကြသောကြောင့်
မျိုးသက်နောင်လည်း ခံစားမိနေသည်။
ထသတ်တော့မှာတော့ မဟုတ်လောက်ဖူးမလား။

တစ်ချို့ကျောင်းသားတွေကလည်း သူ့ကိုမှတ်မိကာ
ကွက်ကြည့်ကွက်ကြည့်နှင့်မို့ နည်းနည်းတော့မျက်နှာပူ
ရသည်။အခြေအနေက ဘေးကကြည့်ရင် တစ်မျိုးထင်ချင်
စရာမလား။

Just-14 [Completed]Where stories live. Discover now