အပိုင်း(၁၈)

2.7K 165 0
                                    

Unicode
------------

မိုးရာသီထဲဝင်နေပြီ ဖြစ်သော်လည်း‌နွေရဲ့အကြွင်းအကျန်
တွေကြောင့် ရာသီဥတုကအိုက်စပ်စပ်နှင့် လူကိုအတော်လေးပင်ပန်းစေသည်။ထိုကြားထဲကမှ မထင်ရင်မထင်သလိုရွာချတတ်သောမိုးကြောင့်လည်း အလုပ်ကမတွင်ချေ။

ဒီနေ့ကမင်းမြတ်စေရာ outdoor shooting
တစ်ခုနဲ့အပြင်ရောက်နေရသည်။

Local brand တစ်ခုရဲ့ဂျင်းဘောင်းဘီကြော်ငြာ
ရိုက်ကွင်းတွင် သူက malemodel အဖြစ်
တာဝန်ယူပေးထားသည်မို့။

Brand Company ကလည်း သူငြင်းချင်တောင်
ငြင်းလို့မရသော ဟန်နီ့အဖေပိုင်ဖြစ်နေသည်။

Female Modelကလည်း ယခုတစ်လောတွင်နာမည်အတော်အတန်ရလာပြီဖြစ်သည့် ဟန်နီဘုန်းချိုဖြစ်သည်မို့အခက်အခဲတော့ သိပ်မရှိပေမယ့် ရာသီဥတုကြောင့်သာ
နှောင့်နှေးနေရသည်။

မိုးရွာချလာတာကြောင့် စက်သမားတွေက
အပြေးအလွှားအလုပ်များနေရသည်ကို မင်းမြတ်က
မိုးခိုနေရင်း ကော်ဖီတစ်ခွက်နှင့် အပြင်က လူတွေကို
သာအကြောင်းမဲ့ထိုင်ငေး‌နေလိုက်သည်။

location က hotel တစ်ခုရဲ့ ဥယျာဉ်အသေးစား
ထဲမှာမို့ ရွေ့ရပြောင်းရသိပ်မခက်ခဲ။
ဘန်ဂလိုလေးတွေဆောက်ထားတာဖြစ်လို့
မော်ဒယ်တွေအတွက်နှင့် စက်အဖွဲ့တွေအတွက်ကိုလည်း
နားနေဆောင်အဖြစ်သပ်သပ်ဆီငှားပေးထားတာဖြစ်သည်။

ဒီအချိန်သူ့ရည်းစားလေးကလည်း tutorial ဖြေ
နေလောက်မှာမို့ စာလည်းပို့မရ။ပို့ထားလိုက်ရင်ရပေမယ့်
ပြန်ဖြေမယ့်သူ မရှိသေးတဲ့ conversation တစ်ခုက
သူ့ကိုပိုလို့အထီးကျန်စေသည်။

ရာသီဥတုက ကိုယ့်ဘက်မပါရုံတင်မဟုတ်၊ရည်းစားကပါ
မပါနေတော့ ထိုင်ဘူနေရုံသာပေါ့။

ထိုအချိန်တွင် ကော်ဖီတစ်ခွက်ကို သူ့ရှေ့ကစားပွဲပေါ်
မှာတင်လာတဲ့ ဖြူသွယ်သွယ်လက်တစ်ဖက်ကြောင့်
မော့ကြည့်လိုက်တော့ ဟန်နီဘုန်းချိုက သူ့ဘေးက
ခုံမှာ အသာအယာဝင်ထိုင်လာသည်။

ကြော်ငြာရိုက်ရင်း တန်းလန်းနှင့်မို့ သူမကလည်း
မင်းမြတ်နှင့်ဆင်တူ တီရှပ်အဖြူပွပွကို ခါးသွယ်သွယ်တို့အားလစ်ဟပြထားရင်း ပေါင်ရင်းရောက်နေသော
နက်ပြာဖျော့ဖျော့ ဂျင်းဘောင်းဘီလေးနှင့်တွဲဝတ်ထားသည်။

Just-14 [Completed]Where stories live. Discover now