အပိုင်း(၆)

2.8K 186 0
                                    

Unicode
------------

မင်းမြတ်စေရာ ပွဲမစခင်အထိ ဖုန်းကိုပဲ
သဲကြီးမဲကြီးကြည့်မိနေပြီး သက်ပြင်းတွေပါအခါခါ
ချ‌နေရသည်။ ဒါက ဒီရက်ပိုင်းအတွင်း အားတာနှင့်
သူ့ကိုမြင်တွေ့နေရမည့်ပုံစံပင်ဖြစ်သည်။
အကြောင်းကတော့ ညီရတု ၏ အကောင့်ကို
အားတာနှင့်ပြေးရှာပေမယ့် သုံးရက်မြောက်တဲ့နေ့ထိ
မတွေ့သေး၍ပင်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ညီရတုနှင့်မ‌တွေ့မိတာလည်းသုံးရက်မြောက်ခဲ့ပြီ။
ဒီကောင်လေးနှင့်မှ ဘာမဆိုင်ညာမဆိုင်
မလုပ်ဖူးတာတွေပါလျှောက်လုပ်နေမိသည်အထိ
သတိတရရှိလှပါသည်။ညီရတုဟာ ဘာကြောင့်မှန်းမသိပါပဲ သူ့စိတ်ထဲနေရာယူလွန်း‌နေခဲ့သည်။

တစ်ကယ်သာဆိုလျှင်လူချင်းသွားတွေ့ကာ
ဖုန်းလုပြီးပဲဖြစ်ဖြစ်အကောင့်ယူလိုက်ချင်ပြီဖြစ်သည်။
သူဟာ သိပ်စိတ်ရှည်လှသည့် သူတော့မဟုတ်။
ဖုန်းနံပါတ်ပဲဖြစ်ဖြစ်ရအောင်ယူခဲ့လိုက်သင့်သည်။
သေချာစဉ်းစားကြည့်ပြန်တော့လည်း သူက
တော်တော်ဖြစ်လွန်းနေသည် ဟု ခံစားရပြန်သည်။
မသိရင် ‌ညီရတုကိုကြိုက်နေသည့်အတိုင်း။
ညီရတုနေရာမှာသာ မိန်းကလေးတစ်ဦးဆိုလျှင်တော့
ကြိုက်နေတာဟု ကောက်ချက်ချကောင်းချလိုက်လိမ့်မည်။

အခုတော့...။

မင်းမြတ်စေရာတစ်ယောက်အတွေးပေါင်းသောင်းခြောက်ထောင်ကြားထဲလက်ပစ်ကူးရင်း
စိတ်တွေရှုပ်ကာ ဆံပင်တွေပါဆွဲဖွလိုက်မိသည်။
ဘာကြောင့်လဲမသိ ညီရတုကသူ့အကောင့်ကို
follow ထားတယ်ဆိုတဲ့ စကားလေးနားထဲမှာ
ဝေ့ဝဲလာပြန်တော့လည်း ‌ပြုံးမိပြန်ပါသည်။
ဘေးနားကနေ တစ်ယောက်‌ယောက်လာထိုင်ကြည့်နေပါက
သူ့ကိုရူးနေသည်ဟုပင်ထင်လောက်သည်။
ကွင်းထဲဝင်ရတော့မည်ဖြစ်၍ အပုန်းကောင်းနေသော
အကောင့်လေးကို ရှာတာလက်စသတ်ရင်း
ဖုန်းကိုပိတ်လိုက်ကာ သိမ်းလိုက်ရပြန်သည်။
ဒီနေ့လည်း မတွေ့ပါ။

ဒီနေ့က semi final ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့်
ကန်ရမှာဖြစ်သည်။ ဒီလိုပွဲစသည့်အချိန် နိုင်ငံတော်သီချင်း သီဆိုကြသည့်အချိန်ကို မင်းမြတ်ငယ်ငယ်လေးတည်းက အနှစ်သက်ဆုံးဖြစ်သည်။သူများနိုင်ငံမှသီချင်းဆိုလျှင်လည်း နားမလည်ပေမယ့်နားထောင်ရတာကလည်း
တစ်မျိုးကောင်းသည်မလား။

Just-14 [Completed]Where stories live. Discover now