အပိုင်း(၁၆)

2.8K 188 2
                                    

Unicode
-------------

"ရတု"

သူတို့ bandအတွက်သီးသန့်နားနေခန်းထဲတွင်
ရတုတစ်ယောက်ထဲအတွေးများနေစဉ် ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ကိုလင်းက ဝင်လာမယ်နော်ဆိုပြီး
အမူအယာနှင့်ပြကာ သူခေါင်းငြိမ့်ပြတော့ သူ့ဘေးမှာ
ဝင်ထိုင်လာသည်။

"ကိုလင်း စောတယ်နော်"

လင်းဩတည်ကသူ့နှင့်အတူပါလာသော ဂီတာကို
အိတ်ထဲမှထုတ်ပြီး ရှည်ရှည်သွယ်သွယ်လက်ချောင်းတို့
နှင့် အသာအယာကြိုးညှိနေရင်းမှ

"ရတုကရောဘာလို့အစောကြီးရောက်နေတာလဲ"

ကိုလင်းဖန်တီးမှုကြောင့်ထွက်လာသော သံစဉ်က
ကြားရသူအဖို့ စိတ်နှလုံးအထိပါငြိတွယ်စေသည်။
သို့ပေမယ့် နာကျင်နေသော ညီရတုရဲ့နှလုံးသားလေးကို
တော့ မည့်သည့်အရာကမှ မလွှမ်းမိုးထားနိုင်တော့ပေ။

ဟိုးအရင်တုန်းကတော့ idolကိုသဘောကျသလိုမျိုး
ဒီယောက်ျားကိုသဘောကျတာထင်မိခဲ့ပေမယ့် ထိုလူနဲ့
အတူတူရှိတဲ့ အချိန်တိုင်း ကာရန်မညီခဲ့တဲ့ရန်ခုန်နှုန်းတွေ
ကြောင့် idolတစ်ယောက်ထပ်ပိုပြီးချစ်မိသွားခဲ့ကြောင်း
သိခဲ့ရသည်။သို့ပေမယ့် ဒီလူကိုအချိန်တန်ရင်လက်လွှတ်
ပေးနိုင်လိမ့်မယ်လို့ထင်ခဲ့မိပေမယ့် အခုလိုရက်ပိုင်းလေး
မှာတောင် သူ့နှလုံးသားတွေရစရာမရှိတော့။ဒီလူနဲ့မှမဟုတ်
ရင် ရတုရဲ့နှလုံးသားကအသက်မရှင်နိုင်တော့ဘူးထင်၏။

ညီရတုကမင်းမြတ်စေရာဆိုတဲ့လူကိုအဲ့လောက်ထိ
ချစ်မိသွားခဲ့တာပဲ။

"အာ..အိမ်မှာလည်းဘာမှလုပ်စရာမရှိတော့
ပျင်းလို့လေ..စောထွက်လာလိုက်တာ"

ဒီမှာကလူရှုပ်တော့ ဟိုလူ့အကြောင်းမတွေးမိတော့ဘူးပေါ့။
အိမ်မှာတစ်ယောက်ထဲအခန်းထဲပိတ်နေရင် မင်းမြတ်စေရာ
ဆိုတဲ့လူကလည်း တောနက်ထဲလမ်းပျောက်နေတဲ့လူလို
သူ့အတွေးတွေထဲမှာ တစ်ဝဲဝဲလည်နဲ့ ဘယ်ကိုမှထွက်မသွား။
သူ့ဦးနှောက်ထဲမှာ မင်းမြတ်စေရာတစ်ယောက်သာစိုးမိုးကာ သူ့နှလုံးသားကိုနှိပ်စက်နေသည်။

"ရတု..နားထောင်ကြည့်ပေးသင့်တယ်လို့ကိုယ်ထင်တယ်"

"ဗျာ"

Just-14 [Completed]Where stories live. Discover now