အပိုင်း(၁၇)

2.9K 173 3
                                    

Unicode
------------

ရည်းစားရသွားတဲ့ခံစားချက်ကိုသိကြလား။
အဲ့ဒီရည်းစားကကိုယ်ငေးကြည့်လာရတဲ့သူ
ဖြစ်နေဦးမယ်ဆိုရင်ရော။

ညီရတုရဲ့တစ်နေ့တာက မနက်ခင်းအစမှာကတည်းက
ပန်းနုရောင်ပါးပါးလေးခြယ်ကာအေးမြလတ်ဆတ်တဲ့
ခံစားချက်မျိုးကိုပေးစွမ်း‌နေသည်။

ကိုယ်လက်သန့်စင်ပီးထွက်လာတော့
"Fresh Morning *white heart"ဟုပို့ထားသော
မက်ဆေ့ခ်ျလေးကိုreply ပြန်လိုက်ပြီး
ညအိပ်ဝတ်လဲဖို့ပြင်လိုက်သည်။

မနက်ခင်းပြေးဖို့အတွက် ပေါ့ပေါ့ပါးပါးအားကစားဝတ်စုံကို
သေချာရွေးနေရင်း ခပ်တိုးတိုးဖွင့်ထားသော
Lemonade ukulele version ကိုပါ
လိုက်ညည်းနေ၏။သေချာပေါက် ညီရတုရဲ့
မျက်နှာကြည်ကြည်လေးသည်လည်း ပြုံးရောင်သန်း
နေပါသေးသည်။

သီချင်းတစ်ပုဒ်သာဆုံးသွားပေမယ့် အဝတ်ရွေးနေသော
သူက ဗီရိုရှေ့မှ မတ်တပ်ရပ်လျက်သားပဲရှိသေးသည်။

နေလာတဲ့ဘဝတစ်လျှောက်လုံး မျက်လုံးထဲတွေ့ရာ
ဆွဲဝတ်လာတာကို အခုမှ ရွေးရလာခက်နေရော။

အကုန်ကြိုက်လို့ဝယ်ထားပေမယ့် အခုမှ ဟိုဟာနဲ့မလိုက်၊
ဒီဟာနဲ့မလိုက်ဖြစ်နေရသေးသည်။

နောက်ဆုံးမှာတော့ နို့စိမ်းရောင် ဟူဒီအပါးလေးကိုသာ
ရွေးလိုက်ပြီး addidas သုံးကြောင်းဘောင်းဘီအနက်
ရောင်နှင့်သာတွဲဝတ်လိုက်တော့သည်။

ဆံပင်ကိုလည်းသေချာပုံသွင်းကာ headband
အဖြူလေးကိုပါ နဖူးပေါ်ကိုသေချာစွပ်ကာမှန်ထဲကြည့်
လိုက်တော့ ခပ်ချောချောမျက်နှာလေးကအထင်းသား။

မလုံမလဲ ချောင်းတစ်ချက် ဟန့်လိုက်ရင်း ဖုန်းကို
ယူကာ အခန်းပြင်သို့ထွက်လာလိုက်သည်။

မျက်နှာထက်ကအပြုံးကတော့ တော်တော်နှင့်ဖျောက်
လို့မရသေးတာမို့ ဒီတိုင်းသာထားလိုက်တော့သည်။

သူ့မျက်နှာလေးကြည့်တဲ့လူတိုင်းအေးချမ်းသွားတော့
လည်း ကုသိုလ်ရတာပေါ့။

ဘောင်းဘီအိတ်ထဲလက်ထည့်ကာ သီချင်းညည်းရင်း
လှေကားပေါ်ကနေမြောက်ကြွမြောက်ကြွဆင်းလာတော့
ဘုရားဝတ်ပြုဖို့တက်လာတဲ့ မေမေနှင့်မှတည့်တည့်တိုး
တော့သည်။

Just-14 [Completed]Where stories live. Discover now