အပိုင်း(၅)

3K 191 6
                                    

Unicode
------------

သီချင်းပြီးသွားတဲ့အထိတောင် မင်းမြတ်စေရာရဲ့
စိတ်အာရုံတို့က စင်ပေါ်ကဆင်း‌သွားတဲ့ ကျောပြင်ငယ်
ဆီမှာ ကပ်ငြိပါသွားလျက်သား။

"စေ့...စေ"

"ဟမ်...အင်း"

"ဟန်နီခေါ်နေတာကြာပြီ...ဘာတွေတွေးနေတာလဲ"

မင်းမြတ်ဘာတွေတွေးနေခဲ့တာလည်း သူလည်းမသိပါချေ။
အင်း...တစ်စုံတစ်ယောက်ရဲ့ နှုတ်ခမ်းတွေနဲ့အံ့ဝင်ခွင်ကျ
ဖြစ်နေခဲ့တဲ့ သီချင်းသံတွေကြားထဲ ခဏတာ နစ်မြုပ်သွား
ရုံပဲဖြစ်နိုင်ပါသည်။ မင်းမြတ်စေရာလိုလူဟာ ဒီလိုမျိုး
စိတ်လွတ်ကိုယ်လွတ်ဖြစ်ဖူးတဲ့သူမဟုတ်တာတော့
သူပဲသိပါလိမ့်မည်။

"အာ...ဆောရီး ကိုယ် toilet ခဏသွားဦးမယ်"

သူကိုယ်တိုင်လည်း ထူးဆန်းနေတာမို့ တစ်ခြားသူ
တစ်ယောက်ရဲ့ အကြည့်အောက်မှာ မနေနိုင်။
ဒါကြောင့်သူရှောင်ထွက်ခဲ့ခြင်းဖြစ်သည်။ toilet လည်း
မသွားချင်တာကြောင့် ဆေးလိပ်သောက်ဖို့သာ
ဦးတည်လိုက်သည်။

အနောက်ဘက်အပေါက်ကနေ အပြင်ကိုထွက်လိုက်တော့
ခပ်စိမ်းစိမ်းအပင်လေးတွေနှင့် အလှဆင်ထားသော
မြေကွက်လပ်လေးတစ်ခုဖြစ်သည်။နီယွန်မီးသီးလေး
တစ်လုံးသာထွန်းထားသော ထိုနေရာသည် အေးအေးဆေးဆေး‌ လေရှူချင်သူတွေအတွက်
ဖန်တီးထားပုံရသည်။ခုံတန်းရှည်လေးတစ်လုံးပါချထားပြီး
ထိုခုံတန်းရှည်ပေါ်‌တွင်တော့ သူ့လိုပဲဆေး‌လိပ်လာ
သောက်နေသည့် လူတစ်ယောက်ရှိနေသည်။
ပြန်လှည့်ဖို့ပြင်လိုက်ပေမယ့် မြင်လိုက်ရသည့်
အနက်ရောင်ဂျင်းဂျတ်ကတ်လေးကြောင့် ခြေလှမ်းတွေကထိုအရိပ်လေးဆီသို့သာဦးတည်လိုက်တော့သည်။
ရှုပ်ထွေးနေသော စိတ်တွေပါ ပြန်လည်။ကြည်လင်သွားသလိုလို။

"ကိုယ့်ကို မီးခြစ်ခဏလောက် ငှားခြစ်ပါ့လား"

ဘောင်းဘီအိတ်ကပ်ထဲက မီးခြစ်လေးရဲ့
တည်ရှိမှုလေးကိုရုတ်တရက်လျစ်လျှုရှုလိုက်ရင်း
မေးလိုက်တော့ လှန်ကြည့်လာတဲ့မျက်ဝန်းလေးတွေက အရောင်တွေ ခပ်မှိုင်းမှိုင်း။ရုတ်တရက်အံ့ဩသွားတယ်
ထင်ရပေမယ့် ချက်ချင်းပင် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။

Just-14 [Completed]Where stories live. Discover now