Part 4

2.3K 67 6
                                    

ဆရာမရယ် အရင်ကထက်ပိုဂရုစိုက်ပေးပါနော် ရီနဲ့ ကျွန်မကလွှဲပြီး ဘယ်သူ့ကိုမှ တွေ့ခွင့်မပေးပါနဲ့နော်”
“ဟုတ်ကဲ့ပါအမ စိတ်ချပါနော်”
ကြိုး ပြောသာပြောရသည်။ တကယ်လို့ မဟော် လာရောက်တွေ့လျှင်လည်း ဆရာမက တွေ့ခွင့်ပေးမည်မှာ အသေအချာပင်။ အဘယ်ကြောင့်ဆိုသော် ဘုံဘုံသည် သူ့အဖေနှင့် အတော်တူနေသောကြောင့်ဖြစ်သည်။
“ကြိုး သမီးလေးကို လာပို့တာလား”
အနောက်မှ ထွက်ပေါ်လာသော မဟော်အသံကြောင့် ကြိုးအံ့အားသင့်မိသည်။ ဆရာမလေးက သူ့အား အသေအချာ ကြည့်ကာ
“အမ ဒါ သမီးလေးရဲ့ အဖေထင်တယ်”
“မဟုတ်ပါဘူး”
“ဟုတ်ပါတယ် “
အဖြေနှစ်ခုက သီးခြားစွာ ထွက်လာ၏။ ဆရာမလေးကပင် အားနာသွားဟန်တူသည်။
“ဆောရီးနော် ကျွန်မကိုသွားခွင့်ပြုပါအုံး”
ဆရာမလေး ထွက်ခွာသွားမှ သူမအား သေချာ စူးစိုက်ကြည့်မိ၏။ မရှည်မတို ဆံနွယ်လေးအား ခပ်ဖျော့ဖျော့သာ ချည်နှောင်ထားလေ၏။ သူမက အပြုံးတစိုးတစက်မျှပင်မရှိ။
“ကြိုး”
“ဒီမှာ ကို ဘုန်းမဟော် ရှင်ကဘာအကြောင်းကြောင့် ကလေးအဖေဖြစ်ချင်နေရတာလဲ”
“ဟာ ကြိုး ဒါကိုယ့်ကလေးလေ”
ဒါဟာ ကြိုးအတွက် ပထမဆုံး ကမ္ဘာပျက်မတတ်တုန်လှုပ်ခြင်းပင် ဖြစ်သည်။
“အို ဟုတ်စရာလား ရာရာစစ ဒါ ကြိုးကိုယ်တိုင်မွေးထုတ်ထားတဲ့ ကြိုးရဲ့ ရင်သွေးပါ”
စကားတွေက အထစ်ထစ်အငေါ့ငေါ့ထွက်လာလေရက်။ မဟော် သူ၏မေးစေ့အားလက်ဖြင့် ပွတ်ကာ “မှန်ပါတယ် ဒါပေမယ့် ကလေးတယောက်ဖြစ်လာဖို့  မင်းတယောက်ထဲနဲ့ မဖြစ်နိုင်ဘူးလေ အဟက် ကိုယ့်သုတ်ပိုးတော့ ပါတယ် မဟုတ်လား”
“ဘာ “
ကြိုး အံ့ဩတကြီး အော်မိလိုက်သည်။ သိုပေမယ့်လည်း သမီးဖြစ်သူ၏ ကျောင်းရှေ့တွင် ဖြစ်၍ ကြိုး ဟန်တင်းကာ
“ဒီမှာ ကိုဘုန်းမဟော် ရှင် ကျွန်မကားနောက်က လိုက်ခဲ့”
ကြိုး ကားလေး အရှေ့က ထွက်သွားမှ မိုးမင်းက မောင်း၍ ထွက်လာလိုက်သည်။ ဘော့စ်ဖြစ်သူကတော့ ကားပေါ်တွင် ညိမ့်ညိမ့်ကြီး ထိုင်နေလေရဲ့။ ဘော့စ် ဤမိန်းခလေးအား မမေ့နိုင်သည်မှာ မှန်သည်ဟူ၍ပင် ပြောရတော့မလို။ သာမန်ချောမောခြင်းထက် ပိုကာ လှပတင့်တယ်နေသော ကြိုး။
“ဘော့စ် ကြိုးက”
“ဘာ”
သူ ဘာမှားပြောလိုက်မိသည်ကိုပင် သူနားမလည်။ ဘော့စ် မျက်ထောက်နီကြီးက သူ၏ထံတွင်
“မင်း နောက်တခါ သူ့ကို ကြိုးလို့ခေါ်စရာမလိုဘူး”
“ဗျာ”
“နောက်ဆို မမလေးလို့ ခေါ်ကြားလား”
အသက် နှစ်ဆယ့်ကိုးနှစ်အရွယ် လူပျိုသိုးကြီးက ကောင်မလေးနဲ့တွေ့တော့ကား ငရံပြာလူးပင်။
လခွမ်း အရေးထဲ  သူ့စားပြီးသားကို စားစရာလား စားမယ့်စား အသစ်ရှာစားမှာပေါ့
ကြိုး ရပ်ထားသည့် ကားဘေးတွင် မိုးမင်း ကားကို ထိုးရပ်လိုက်၏။
“ဘော့စ် မမလေးနဲ့ တွေ့ဖို့ ကားပေါ်က ဆင်းလို့ရပါပြီ”
ကြိုးကား သူ့အား ကျောပေးနေရဲ့။
“ဒီမှာ ရှင်ကလေးနဲ့ ဘာမှ မဆိုင်ဘူး “
“ကိုယ်ကတော့ ဆိုင်တယ် သမီးလေးဟာ ကိုယ့်ကလေးမဟုတ်ပါပဲ ဘယ်လိုဖြစ်ပြီး  ကိုယ်နဲ့ တူနေရတာလဲ”
“ဟို ဒါက “
“မင်းမှာ အဖြေ မရှိဘူးဆိုတာ သိတယ် ကြိုး  ဒါပေမယ့် ကိုယ်ဟာ ကလေးအဖေ ဖြစ်ကြောင်းကိုတော့ သက်သေရှိတယ် “
မဟော်၏ စကားကြောင့် ကြိုး ပို၍ အံ့အားသင့်လာရပြန်သည်။ ဘောင်းဘီ အိတ်ထဲမှ စာရွက်ကလေးအား ထုတ်ကာ လှမ်းပေးလိုက်တော့ ကြိုးမျက်နှာတွင် သွေးမရှိတော့ သယောင် ဖျော့တော့နေ၏။
“ဒါ ဒါက “
“DNA စစ်ချက် ဒါတွေက ကိုယ့်သမီးဆိုတာကို သက်သေပြပေးနေတာပဲလေ ကြိုး “
“မဟုတ်ဖူး ဒါ ကြိုးရဲ့ သမီးလေး ရှင်နဲ့မဆိုင်ဘူး”
“ကြိုး ဘာတွေဖြစ်နေရတာလဲ ကိုယ်ဘာမှ နားမလည် မမှတ်မိပေမယ့် အခု သမီးလေးကို ကိုယ့်သမီးလို့ လက်ခံတယ် တကယ်လို့ ကိုယ်မှားခဲ့တယ်ဆိုရင်တောင် ဒီအချိန်မှာ ကြိုးက ကိုယ့်ကို လက်ခံရမှာ မဟုတ်လား”
ဪ အပေါ်စီးဆန်လွန်းလိုက်တာ။ ကြိုး ခပ်မဲ့မဲ့ပြုံးလိုက်ပြီး
“ရှင် ဟိုအချိန်က ဘာဖြစ်ခဲ့လဲဆိုတာတောင် မမှတ်မိပဲ ဘာကြောင့် သမီးလေးကို တာဝန်ယူချင်နေရတာလဲ”
ဟုတ်ပါသည် ထိုနေ့ညက အဖြစ်အပျက်အား သူအခုထိ မမှတ်မိနိုင်သေးချေ။ အခန်းသို့ လိုက်ပို့ပေးသူကား ကြိုးပင်ဖြစ်သည်။ ‌အခန်းထဲတွင် သူလွန်ကျူးမိလိုက်သည့်သူကားလည်း ကြိုးအင်ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် အ‌ဘယ်ကြောင့် ကြိုးသည် ထိုနေ့ကစပြီး ပျောက်ကွယ်သွားသည်ကြိ မသိ။
“ဒါဆို ကြိုး မင်းကကော ဘာကြောင့် လွန်ခဲ့တဲ့ ခြောက်နှစ်ထဲက အနားက ပျောက်ကွယ်သွားတာလဲ”
“ပျောက်ကွယ်သွားတယ် ဟုတ်လား ရှင်နဲ့ ကျွန်မက သူငယ်ချင်းလေ ကျွန်မဘယ်ကိုပဲ ထွက်သွားထွက်သွား ကျွန်မ personalကိုတော့ ရှင်သိစရာ မလိုဘူးလို့ထင်တယ်”
“အင်း ဒါဆို”
သူ၏ အိတ်ကပ်ထဲမှ တစုံတခုအား ထုတ်ကာ သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ကြိုး လက်ဖြန့်ကြည့်လိုက်တော့ ရင်ထိုးတစ်ခု ။ရင်ထိုးထက်ပိုသည့် လေးနက်သော အရာတခု ။
“ကြိုး ဒါကတော့ မင်းဟာ မဟုတ်လား”
ကြိုး ပြန်မဖြေနိုင်။ ကြိုးဖြေနိုင်သည်ကား သမီးလေးသည် ထိုသူနှင့် မဆိုင်သည်ကိုပင်။
“ဟင့်အင်း သမီးလေးက ရှင့်သမီး မဟုတ်ဖူး ကျွန်မရဲ့ကလေး”
ကြိုး ပြောချင်တာပြောပြီး ကားပေါ်သို့တက်ကာမောင်းထွက်သွားလေ၏။
☺️☺️☺️☺️

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now